Chapter-12{မျက်နှာဖုံးနောက်ကွယ်}{Uni}

2K 153 11
                                    

{Unicode}

ဝေဟင်တွင်လွင့်မျောနေသည့် တိမ်စိုင်ဖြူ
များကို ရတု ငေးမောကြည့်နေမိ၏။ သူ့စိတ်
အစဉ်သည်လည်း အတွေးနယ်စထဲသို့ပျံ့လွင့်
နေခဲ့၏။

ကိုယ်ပိုင်လေယာဉ်ငယ်လေးမို့ လေယာဉ်ထဲ
တွင်ခရီးသည်ဆိုသည်မှာ သူနှင့် ဦးရှင်းခန့်
မော်ကွန်း နှစ်ယောက်သာပါလေသည်။ လေ
ယာဉ်မှူးနှစ်ယောက်နှင့် လေယာဉ်မယ်နှစ်
ယောက် စုစုပေါင်း၆ယောက်သာပါရှိ၏။

လေယာဉ်နောက်ခုံလေးကိုမှီကာ သူနှင့်
မျက်နှာချင်းဆိုင်ခုံတွင် အနားယူနေသည့်
ဦးရှင်းခန့်မော်ကွန်းကို သူ ငေးကြည့်နေမိ
၏။

တံတောင်ဆစ်ထိရောက်အောင် ခေါက်
ထားခြင်းကြောင့် အကြောစိမ်းတို့ယှက်ဖြာ
ကာ ဖြူဖွေးနေသည့် လက်တစ်စုံက
ယောကျင်္ာဆန်လှ၏။ ရှည်လျားသွယ်နေ
သည့် လက်ချောင်းသွယ်များ၏ လက်သည်း
များကို တိတိပပပင် ညှပ်ထား၏။

ဖြောင့်စင်းနေသည့် နှာတံအောက်ရှိ
နှုတ်ခမ်းတစ်စုံက ယောကျင်္ားတန်မဲ့
ပန်းသွေးရောင်သမ်းနေ၏။ ညာဖက်
မျက်ဝန်းတောင့်အောက်ရှိ မှည့်လေးက
သိပ်ကိုချောမောလှသည့် မျက်နှာကိုပိုမို
ပြည့်စုံအောင် ဖြည့်စွက်ပေးနေသလို။

ထိုမှည့်လေးက သားလေးရဲ့ ညာဖက်
မျက်ဝန်းတောင့်တွင်လည်းရှိ၏။ သားလေး
ရဲ့မျက်နှာကသူ့မျက်နှာထက် ဦးရှင်းခန့်
မော်ကွန်းနှင့်ပိုပြီးသာဆင်တူ၏။

ဦးရှင်းခန့်မော်ကွန်းကို ထက်မြက်သည့်
စီးပွားရေးလုပ်ငန်းရှင်လို့ အများကချီးကျူး
ကြပေမဲ့ ထိုလူရဲ့ ထက်မြက်မှုက စီးပွားရေး
ဘက်တွင်သာ ထိုစကားကမှန်ကန်နိုင်၏။

သားလေးက သူနဲ့မျက်ခုံး၊ မျက်လုံး၊
နောက်ဆုံး မှည့်လေးကပါအစ တူနေ
သည်ကို မမှတ်မိနိုင်သည့် ဦးရှင်းခန့်
မော်ကွန်းရဲ့ ဦးနှောက်ထဲ ဘယ်လိုမျိုး
ထက်မြက်မှုတွေများ ရှိနေသလဲ သူမသိ
တော့ချေ။

"မကြာမီ..လေယာဉ်သည် ပုဂံ-ညောင်ဦး
လေဆိပ်သို့ ဆင်းသက်တော့မှာဖြစ်ပါ၍
ခရီးသည်များ ထိုင်ခုံခါးပတ်ကို သေချာ
စွာ ပတ်ထားပေးပါရှင်"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Donde viven las historias. Descúbrelo ahora