Chapter-2{အကြွေပန်း}{Uni} Age Warning ⚠️

2.9K 204 3
                                    

{Unicode}

အိစက်ညက်ညောနေသော မွေ့ရာပေါ်တွင်
ရောက်ရှိနေမှန်း သူသိသည်။ အခန်းထဲတွင်
မီးအလင်းရောင်တို့သိပ်မရှိ။ ဘေးရှိစင်မြင့်
ပေါ်တွင် ထွန်းညှိထားသော အမွှေးရနံ့ဖယောင်း
တိုင်များ၏ အလင်းသဲ့သဲ့သာရှိသည်။

လေအေးပေးစက်ဖွင့်ထားသဖြင့် အခန်းထဲ
တွင် အအေးဓာတ်တို့ကောင်းစွာခြုံလွှမ်းထား
သော်လည်း သူ့ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်
ရှိန်းမြနေ၏။ အပေါ်တွင်ထပ်ဝတ်ထားသည့်
ဂျာကင်အနက်ရောင်ကို ဆွဲချွတ်ပစ်လိုက်
သည်။ သို့သော် ခန္ဓာကိုယ်အပူသည်
မသက်သာလာပေ။

ခေါင်းထဲတွင် တရိပ်ရိပ်ဖြင့် မူးနောက်နောက်
ဖြစ်နေကာ မျက်လုံးအား ရေးရေးလေးသာ
ဖွင့်နိုင်၏။ သူအိပ်နေသည့် ကုတင်ပေါ်တွင်
လူတစ်ယောက်ရှိနေမှန်းသိ၏။ သို့သော်
မည်သူမည်ဝါဆိုတာကိုတော့ သူမသိချေ။

ကျန်နေသေးသည့် အသိစိတ်လေးကြောင့်
ထိုလူသည် ခွန်းသိုက် ဖြစ်နိုင်သည်ဟုသာ
ရတု ထင်မြင်မိ၏။

စိတ်ကိုအားယူကာ ကုတင်ပေါ်မှ ထ,လိုက်ပြီး
လေးပင်နေသော ခြေလှမ်းများဖြင့် ရေချိုးခန်း
ရှိရာသို့ အားယူလျှောက်လာ၏။ ရေချိုးကန်ထဲ
တွင် ရေများဖြည့်ထားကာ အပေါ်တွင် နှင်းဆီ
ပန်းများဖြန့်ကျဲထား၏။ ဒါတွေဟာ ဘာကြောင့်
အဆင်သင့်ရှိနေမှန်း သူမတွေးတောနိုင်တော့ချေ။

သူ့စိတ်ထဲ ပူလောင်မှုတစ်ခုကိုသာ ခံစားနေရ
သည်။ လည်ချောင်းထဲတွင်လည်း ရေငတ်
သလိုခံစားနေရ၏။ ထို့ကြောင့် အနားတွင်တင်
ထားသော ဖန်ခွက်ထဲမှ ဝိုင်နီများအား ရေ
အထင်ဖြင့် မော့သောက်လိုက်မိ၏။

"ဟာ...ဝိုင်တွေပဲ..."

သာမာန်ထက်ပိုခါးနေသော ဝိုင်ကြောင့် ရတု
စိတ်တိုစွာပင် ဖန်ခွက်အား အဝေးသို့လွှင့်ထုတ်
ပစ်လိုက်မိ၏။ နံရံနှင့် ဖန်ခွက်တို့၏ ထိတိုက်
ကွဲရှသံသည် တိတ်ဆိတ်နေသော အခန်းထဲ
တွင် တိတိပပပင် ထွက်ပေါ်လာ၏။

"ငါ့ဘာလို့အဲ့လောက်ထိတောင် ပူလာရတာလဲ"

ခန္ဓာကိုယ်အနှံ့အား လက်ဖြင့်ပွတ်ဆွဲနေရင်း
မျက်နှာသည် နီမြန်းမြန်းဖြစ်လာ၏။ နှာခေါင်း
ဝ သို့ တိုးဝင်နေသော ခပ်သင်းသင်းရနံ့တစ်ခု
သည် သူ့စိတ်အစဉ်အား အထိန်းအကွပ်မဲ့လာ
စေ၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Onde histórias criam vida. Descubra agora