{Unicode}
တက္ကစီပေါ်ရောက်မှ မိုးစဲသွား၏။ ရတုအိမ်
လိပ်စာကိုပြောလ်ိုက်ပြီး ကွန်းကွန်းကို ပေါင်
ပေါ်တွင် တင်ထားရာမှ ဘေးတွင် ထိုင်ခိုင်း
လိုက်သည်။ သူ့ရဲ့ စိုနေပြီဖြစ်သော အဝတ်
များကြောင့် သားလေးအေးသွားမှာစိုး၍ဖြစ်
သည်။ ရတု ပါလာသည့် အိတ်ထဲမှ တစ်ရှူး
စက္ကူထုတ်ကို ယူထုတ်လိုက်ပြီး ကွန်းကွန်း
မျက်နှာပေါ်ရှိ မိုးရေများကို သုတ်ပေးလိုက်
၏။"သားလေးဘယ်နားစိုနေသေးလဲ? ပါပါး
က်ိုပြ..။ ခြုံပေးလိုက်တဲ့ ကုတ်အကျႋကလည်း
စိုသွားပြီ..ကွန်းကွန်း အေးနေသေးလား"တစ်ကိုယ်လုံးစိုရွှဲနေတဲ့ သူ့ကိုယ်သူစိတ်မပူ
ဘဲ မိုးလေးနည်းနည်းသာစင်သွားသည့် သား
ဖြစ်သူကို စိတ်ပူနေသည့် ရတု မျက်နှာတွင်
မိခင်တစ်ယောက်၏နူးညံ့မှုမျိုးနှင့် ဖခင်တစ်
ယောက်၏ စိုးရိ်မ်တတ်မှုကို တွေ့မြင်နေရသည်။"ကားဆရာ..အဲကွန်းကို နည်းနည်းလျှော့ပေး
ပါလားဟင်..ကျွန်တော့်သားလေး နှာစီးမှာစိုး
လို့"ရတုက ရှေ့ခန်းရှိ ကားဆရာကိုလှမ်းပြောနေ
စဉ် ကွန်းကွန်းက ဘေးတွင်ချထားသည့် တစ်
ရှူးထုပ်မှ တစ်ရှူးတစ်ရွက်ကို ဆွဲယူလိုက်ကာ
မျက်နှာနှင့် ဆံပင်တွေပါစိုရွှဲနေသည့် ဖခင်ဖြစ်
သူကို နားလည်သိတတ်စွာပင် လှမ်းသုတ်ပေး
နေ၏။"ပါပါးလည်းစိုနေတယ်လေ..ကွန်းကွန်း
ဖျားသလို ပါပါးလည်း ဖျားရင် ဘယ်လို
လုပ်မလဲ"သူ့ပါးလေးကို တစ်ရှူးဖြင့်လှမ်းသုတ်ပေးရင်း
ပြောလိုက်သော စကားကြောင့် ရတု ရင်ထဲ
လှိုက်ခနဲပင်ကြည်နူးသွားရကာ သားဖြစ်သူရဲ့
လက်လေးကို နူးညံ့စွာထွေးကိုင်လိုက်ရင်း...၊"ပါပါး..သားလေးကလေ သိပ်ကိုသိတတ်တာ
ပဲ..ပါပါးက ပါပါးကိုယ်ပါပါးထက် သားလေး
ကိုပဲ ပိုစိတ်ပူတတ်တာသိလား""ကွန်းကွန်းကတော့ ပါပါးကိုပဲ ပိုစိတ်ပူတယ်"
ကွန်းကွန်းစကားကြောင့် ရတု ပြုံးလိုက်မိ၏။
ရတုတို့ သားအဖနှစ်ယောက်စကားပြောနေ
တာကို ကားမောင်းနေသော ဒရိုက်ဘာဦးလေး
ကြီးက အတိုင်းသားကြားနေရပြီး ပြုံးမြမြ
မျက်နှာဖြင့်...၊
YOU ARE READING
𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်
Romanceအချစ်ဟာဆန်းကျယ်၏။ တစ်ခါတလေ သူ့ကိုမုန်း တယ်လို့တတွတ်တွတ်ပြောနေရင်းနဲ့မှကို ချစ်သွား တာမျိုးပေါ့..မာနတရားနဲ့ နှလုံးသား လွန်ဆွဲချိန် အနာကျင်ရဆုံးကတော့ ချစ်မိသူရဲ့ အရှုံးခံနှလုံး သားတစ်စုံပါ....🌿 အချစ်ဟာဆန်းကျယ်၏။ တစ်ခါတလေ သူ့ကို မုန်းတယ်လို့တတွတ်တွတ်ပ...