Chapter-20{ငါနင့်ကိုမုန်းသည်...}{ZG}

533 38 15
                                    

{Zawgyi}

"မဖြစ်ဘူး..နှင်း! ကိုယ့်မှာ လက်ထပ်ထားတဲ့
သူရှိနေတယ်။ ကိုယ်အဲ့ဒီလို ဖောက်ပြန်လို့
မဖြစ်ဘူး"

နှင်း နှုတ်ခမ်းလေးရှိရာကို ငုံ့ကျလာခဲ့ရင်း
ထိကပ်လုဆဲဆဲအခြေအနေတွင် ဝင်လာ
သော သတိကြောင့် ကိုယ်ချင်းခွာလိုက်
၏။ နှင်းက ပြေကျလုဖြစ်နေနသည့် ဂါဝန်စ
လေးကိုဆွဲတင်ရင်း ရှင်းကို နားမလည်
သလိုကြည့်၏။

"ဘာလို့လဲ ကိုကိုရဲ့! သူနဲ့ ကိုကိုက
လက်ထပ်ထားတယ် ဆိုပေမဲ့ သူက
ကိုကို့ကို အတင်းလက်ထပ်ယူထား
တာလေ။ နှင်း လက်ထဲကနေ ကိုကို့
ကို သူက လုယူထားတာ"

"ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကြောင့် နှင်း
ကို တန်ဖိုးမထားမိသလိုဖြစ်သွားမှာ
ကိုယ်စိုးရိမ်တယ်။ အဲ့တာကြောင့်
ရတုနဲ့ မကွာရှင်းချင်းရ မချင်း ကိုယ်တို့
ဒီထက်ပိုပြီးရှေ့ဆက်လို့မဖြစ်ဘူး"

"ကိုကို...."

"ကိုယ်တောင်းပန်ပါတယ် နှင်း။ ကိုယ်
ရတုကို ဘယ်လောက်မုန်းမုန်း ဒီလိုလုပ်
လိုက်ရင် ကိုယ့်ရဲ့ သိက္ခာက ဟိုးအောက်ထိ
ရောက်သွားလိမ့်မယ်။ ပြီးတော့ နှင်းကော။
ကိုယ့်ရဲ့ စိတ်ကို နားလည်ပေးပါ"

ရှင်းက ဘေးဆိုဖာခုံရှိ ကုတ်အင်္ကျိကို
နှင်း ကိုယ်လေးပေါ် လွှားခနဲခြုံပေးလိုက်
ပြီး အခန်းပြင်ကို ထွက်လာခဲ့သည်။

စိတ်အစဉ်တို့ အထိန်းအကွပ်မဲ့သွားစဉ်က
နှင်း ရဲ့ နှုတ်ခမ်းလေးကို နမ်းရှိုက်ရန်
တိုးကပ်သွားချိန်တွင် အမြင်အာရုံတွင်
ပေါ်လာသော ရတုရဲ့ နာကျည်းချက်ပြည့်
နေသည့် မျက်နှာလေးက သူ့စိတ်ကို
ချက်ချင်းပင် ထိန်းချုပ်သွားနိုင်ခဲ့၏။

ဘာကြောင့် ရတုက သူ့ကို သေလောက်
အောင် မုန်းတီးနာကျည်းနေမှန်းမသိပေမဲ့
ထိုနေ့ထဲက ရတုရင်ထဲက နာကျည်းချက်
တစ်ချို့ကို မြင်ခဲ့ရတာမို့ ထပ်ပြီး သူ့ကြောင့်
ရတု ရင်ထဲ နာကျည်းချက်ဒဏ်ရာတွေ
မပြည့်နှပ်စေချင်လိုတော့ပေ။ မုန်းတယ်ဆို
ပေမဲ့ ဘာကြောင့် ရတုရဲ့ ခံစားချက်တွေကို
ဂရုစိုက်နေမိတာလဲလို့ ကိုယ့်ကိုယ်ကိုယ်
ပြန်မေးကြည့်ပေမဲ့ အဖြေကမရှိ။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now