Chapter-29 {ချစ်တယ်ဆိုတာထက်ပိုပါတယ်}{Uni}

2.2K 151 15
                                    

{Unicode}

သားလေးရဲ့အခန်းထဲကို သူတို့ဝင်လာမိ
တော့ သားလေးက ကုတင်ပေါ်တွင် ထိုင်
ရင်း သူတို့ပြန်အလာကို မျှော်နေရှာဟန်
တူ၏။

"ပါပါး နဲ့ ဖေဖေ"

"ဗျာ....!! "

သားလေးရဲ့ ဘေးတွင် ထိုင်လိုက်မိကြပြီး
သားလေးရဲ့ ပခုံးကို နွေးထွေးစွာဖိဆုပ်
ကိုင်ရင်း...၊

"ကွန်းကွန်း..! မကြာခင် ကွန်းကွန်းလေး
ဆေးရုံကနေ ဆင်းရတော့မှာ"

"ဘာလို့လဲ ဖေဖေ"

"ဘာလို့လဲဆ်ိုတော့ သားလေးရဲ့
ကျောက်ကပ်ကိုအစားထိုးဖို့ သားလေးရဲ့
ကျောက်ကပ်က ဖေဖေနဲ့ကိုက်ညီနေတယ်
လေ။ အဲ့တာကြောင့် ဖေဖေတို့ ခွဲစိတ်ပြီးရင်
ဆေးရုံကနေ ဆင်းလို့ရပြီ"

"ခွဲစိတ်ရင် နာမှာလား ဖေဖေ"

"ဘယ်နာပါ့မလဲ သားရယ်။ သားလေးရဲ့
ခွဲခန်းဘေးမှာ ဖေဖေလည်းရှိနေမှာလေ"

"ဖေဖေ့ရဲ့ ကျောက်ကပ်ကို ထုတ်ပေးရင်
ဖေဖေကကော ကွန်းကွန်းလို ဆေးရုံမှာ
နေရတော့မှာလား"

"မဟုတ်ရပါဘူးဗျာ...! ကျောက်ကပ်က
ဖေဖေ့ဆီမှာ ၂ခုတောင်ရှိတာဆိုတော့
သားလေးကို တစ်ခုထုတ်ပေးလိုက်လည်း
ကျန်တဲ့တစ်ခုနဲ့ ဖေဖေ ကျန်းကျန်းမာမာ
နေနိုင်ပါတယ်။ သားလေးကို ဖေဖေက
အရမ်းချစ်တယ်ဆိုတာ သား ယုံရဲ့လား"

"ယုံပါတယ်..! ဖေဖေက ကွန်းကွန်းကို
ကော ပါပါးကိုကော အရမ်းချစ်တာလေ"

ကွန်းကွန်းက ရှင်းရဲ့ ပေါင်ပေါ်တက်ထိုင်
ရင်း ဖခင်ဖြစ်သူရဲ့ ပါးလေးကို မွခနဲမြည်
အောင် နမ်းရင်း ပြောလိုက်တော့ ရှင်း
မျက်နှာလေး ကြည်နူးပီတိဖုံးလွှမ်းသွား၏။

"ကွန်းကွန်းကို ပုံပြင်ပြောပြအုံးလေ"

ရတု လက်ထဲကို ပုံပြင်စာအုပ်လေးထိုးပေး
ရင်း ကွန်းကွန်းက ပြောလာ၏။

"သားရဲ့ ဖေဖေကိုကျ အာဘွားပေးပြီး၊
ပါပါးကိုကျ အာဘွားမပေးဘဲ ပုံပြင်ပြော
ခိုင်းမယ်ပေါ့ ဟုတ်လား"

"မဟုတ်ပါဘူး...! ပါပါးကိုလည်း ကွန်းကွန်း
က ပေးမှာပါ"

"မွ....!! "

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now