Chapter-28{နှလုံးသားအလိုတော်အတိုင်း}{Uni}

2.3K 155 2
                                    

{Unicode}

ရေချိုးခန်းထဲတွင် ရေကျသံသဲ့သဲ့ကြားနေ
ရ၏။ ကွန်းကွန်းက သူ့အခန်းတွင်
အိပ်ပျော်နေတာမို့ ကွန်းကွန်း အိပ်ပျော်
သွားတာနှင့်စောင်ခြုံပေးပြီး ရတု အခန်းထဲ
ကိုဝင်လာခဲ့မိ၏။

ည၉နာရီထိုးနေပြီဆိုပေမဲ့ ရတုက
ရေချိုးနေဟန်တူ၏။

"ကျစ်...! ဒီကောင်လေးကတော့ မိုးချုပ်
တာကို ရေချိုးနေသေးတယ်"

ရတု မွေ့ရာပေါ် ထိုင်လိုက်ရင်း ပြောလိုက်
မိ၏။

"ချပ်.....!! "

ရေချိုးခန်းတံခါးလေးပွင့်လာပြီး ဆာကူရာ
ရနံ့ရေချိုးဆပ်ပြာအနံ့သင်းသင်းလေးကို
ရလိုက်၏။

ရတုက အပေါ်ပိုင်းဗလာကျင်းနှင့်ခါး
တွင် တဘက်တစ်ထည်ကိုပတ်ထားပြီး
မီးခိုးရောင် တဘက်လေးနှင့် ခေါင်းကို
သုတ်ရင်း ထွက်လာလေသည်။ ကြမ်းပြင်
ကိုသာ ငုံ့ကြည့်ရင်းထွက်လာတာကြောင့်
မွေ့ရာပေါ်တွင် ရှင်း ထိုင်နေတာကို ရတု
တစ်ယောက်မမြင်သေးပေ။

"အဟမ်း...! အဟမ်း...."

"အား....!!!! ခင်ဗျား ဘယ်လိုလုပ်
ကျွန်တော့်အခန်းထဲ ဝင်လာတာလဲ"

ရှင်း ချောင်းဟန့်လိုက်တော့ မွေ့ရာပေါ်
တွင် ထိုင်နေသော ရှင်း ကိုတွေ့သွားပြီး
အလန့်တကြားပင် အော်ဟစ်လေသည်။

"နားတွေကွဲကုန်တော့မှာပဲ! ဘာလို့ အဲ့
လောက်တောင် လန့်သွားရတာလဲ? ကိုယ်
က သရဲမို့လို့လား"

"ခင်ဗျားက သရဲထက်တောင် ပိုဆိုးတယ်
ဆိုတာ ကိုယ့်ကိုယ်ကိုယ်မသိဘူးလား"

"ရတုကလည်းကွာ..ကိုယ့်ရဲ့ယောကျင်္ားကို
အဲ့လို ပြောစရာလား"

"ခင်ဗျားနော်..! စကားပြောဆင်ခြင်!
ညကြီးမိုးချုပ်မှ ကျွန်တော့်အခန်းလာပြီး
မဟုတ်တာတွေလုပ်ဖို့ မစဉ်းစားနဲ့"

"မဟုတ်တာမလုပ်ပါဘူး..ဟုတ်တာပဲ
လုပ်မှာပါ"

"ဘာဗျ!!"

ရတုက မျက်စောင်းလေးထိုးရင်း ပြော
လိုက်တော့ ရှင်းက ထိုင်နေရာကနေ
ထ,လာကာ ရတု နောက်တွင်ရပ်လိုက်၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Donde viven las historias. Descúbrelo ahora