Chapter-14{ဒုတိယအရန်လူအဖြစ်}{Uni}Age Warning ⚠️

2.1K 170 16
                                    

{Unicode}

ဟိုတယ်စားသောက်ဆိုင် သီးသန့်ခန်းထဲ
တွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည်မှာ
နာရီဝက်ခန့်ပင်ရှိနေပြီဖြစ်၏။ သင်းပျံ့ပျံ့
လက်ဖက်ခြောက်ရနံ့ရနေသည့် ရေနွေးကို
တစ်ငုံသောက်လိုက်ပြီး ဖန်ခွက်ငယ်လေး
ကို စားပွဲခုံပေါ်သို့ အသံမြည်အောင်ချလိုက်
၏။

စားပွဲရှိမှန်နှင့် ဖန်ကြွေခွက်တို့၏ ထိတွေ့သံ
သည် တိတ်ဆိတ်နေသော အခန်းထဲတွင်
တိပစွာပင် ထွက်ပေါ်လာ၏။

"ကျွန်တော့်ကိုတွေ့ချင်တာဘာကိစ္စရှိလို့လဲ"

"မင်းကမ်းလှမ်းတာကို ငါလက်ခံတယ်။ မင်း
ကို ငါလက်ထပ်မယ်။ မင်းသာ မင်းရဲ့ကတိ
တည်အောင် ဖေဖေ့ရဲ့သေတမ်းစာအတိုင်း
ဖြစ်မြောက်အောင် လုပ်ပေး"

"ကောင်းပြီလေ...ဒီလိုကျတော့လည်း
ခင်ဗျားက အလွယ်တကူလက်ခံသားပဲ။
ဒါပေမဲ့ ခင်ဗျားကိုလက်မထပ်ခင်
ကျွန်တော့်တောင်းဆိုချက်တွေကို အရင်
လက်ခံပေးရမယ်"

"မင်းကဘာတောင်းဆိုမှာလဲ"

"ဒီကစာချုပ်မှာဖတ်ကြည့်လိုက်..။ ဖတ်ပြီးလို့
သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလိုက်ပါ။
ကျွန်တော်က ပါးစပ်ကပြောနေတဲ့ ကတိတွေ
ထက် စာချုပ်ပေါ်က ကတ်ိတွေကိုပဲ ပိုပြီး
ယုံကြည်တယ်။ ခင်ဗျားလည်း စီးပွားရေး
သမားပဲ လူတွေက အချိန်နဲ့အမျှပြောင်းလဲ
တတ်တာကို ခင်ဗျားလည်း သိမှာပါ"

သူ့ရှေ့ကိုတိုးပေးလိုက်တဲ့ စာချုပ်ထဲက
တောင်းဆိုချက်တွေကို သူဖတ်ကြည့်လိုက်
မိ၏။ ရတုရဲ့တောင်းဆိုချက်တွေကို ဖတ်
ကြည့်ရင်း သူ့နှုတ်ခမ်းလေးတွေကို
မသိမသာပင် မဲ့ပြုံးပြုံးလိုက်၏။

"မင်းကတော်သားပဲ! လက်ထပ်ပြီး ၂နှစ်
အတွင်း မင်းကို ကွာရှင်းဖို့ကြိုးစားခဲ့ရင်
ကွာရှင်းချင်တဲ့ သူဘက်က ပိုင်တဲ့ ရှယ်ယာ
တွေကို လျော်ကြေးပေးရမယ်ဆိုပဲ"

"ခင်ဗျားအနေနဲ့ ကျွန်တော်နဲ့လက်ထပ်ပြီး
သွားလို့ N.K ရဲ့ ဥက္ကဌဖြစ်သွားရင်
ကျွန်တော့်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့
ကွာဖို့ကြိုးစားမှာပဲ။ ခင်ဗျားကို ကွာဖို့ လက်ထပ်
မှာမှမဟုတ်တာ"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Onde histórias criam vida. Descubra agora