Chapter-23{မချစ်သင့်သောသူ}{Uni}

2.3K 173 26
                                    

{Unicode}

"ဒေါက်...ဒေါက်....!! "

ကုတင်ပေါ်တွင်ထိုင်ရင်း သားလေးရဲ့
အကျႌတွေကို ခေါက်ပေးနေခိုက် ခပ်ဖွဖွ
တံခါးခေါက်သံကြောင့် သူ ထ,သွားလိုက်
သည်။ တံခါးအပြင်မှာ ရပ်စောင့်နေသူက
ဦးရှင်း ဖြစ်နေ၏။

"ရတု..လာ ကိုယ့်နောက်လိုက်ခဲ့"

"ဘယ်ကိုလဲ...?"

"ကိုယ်မင်းကို ဘာမှမလုပ်ပါဘူး..! ကိုယ့်
နောက်ကိုခဏလေးပဲလိုက်ခဲ့ပေးနော်။
အခန်းထဲမှာ ကွန်းကွန်း မရှိဘူးမဟုတ်လား"

"သားလေးက ခွန်းသိုက်နဲ့ ရေကူးကန်ဘက်မှာ
ရေသွားကူးနေတယ်"

"အဲ့တာဆို အတော်ပဲ! လာ..."

အခန်းပြင်မှာရပ်နေတဲ့ ဦးရှင်းက သူ့
လက်ကောက်ဝတ်လေးတစ်ဖက်ကို
ဆက်ခနဲ ဆွဲယူလိုက်ပြီး အတင်းပင်
ဆွဲခေါ်လာ၏။ ဟိုတယ်ခန်းတွေကို
ကျော်လွန်လာပြီးနောက် ဟိုတယ်
အတွက် အစားအသောက်တွေကို
ချက်ပြုတ်သည့် စားဖိုဆောင်ရှိရာ
သို့ ခေါ်ဆောင်လာ၏။

စားဖိုဆောင်အတွင်းရှိ အခန်းများကို
ကျော်ဖြတ်လာပြီးနောက်တွင် အခန်း
ကျယ်လေးတစ်ခန်းရှေ့၌ ခြေစုံရပ်
လိုက်ပြီး ဦးရှင်းက သူ့ကိုတစ်ချက်ကြည့်
ကာ တံခါးလေးကိုဆွဲဖွင့်ရင်း အခန်းတွင်း
ဝင်လာခဲ့၏။

"ဦးရှင်း.. ဒါကဘယ်နေရာလဲဟင်"

"အချိုပွဲလုပ်တဲ့နေရာလေ..မင်းတွေ့
တာပဲ"

"ဘာလို့ခေါ်လာတာလဲ? ကျွန်တော်
ဘာမှမလုပ်တတ်ဘူးနော်"

"မင်းမလုပ်တတ်ဘူးဆိုတာ ကိုယ်သိပါ
တယ်။ မင်းကိ်ုမလုပ်ခိုင်းပါဘူး။ ကိုယ်
လုပ်ပေးမှာပါ"

"ဘာလုပ်ပေးမှာလဲ"

"ဒီနေ့က မင်းနဲ့ ကွန်းကွန်းရဲ့မွေးနေ့လေ..
အဲ့တာကြောင့် ကိုယ်က မင်းတို့အတွက်
ကိတ်မုန့်လုပ်ပေးချင်လို့ မင်းကိုဒီခေါ်လာ
တာ"

"ဪ..! အဲ့လိုလား"

"အင်း...! မင်းက ဘေးကနေပဲကိုယ့်ကို
နည်းနည်းကူညီပေး..ကျန်တာ ကိုယ်လုပ်
လိုက်မယ်"

ဦးရှင်းက အဖြူရောင် အေပရွန်လေးကို
ယူလာကာ နောက်ကနေ သူ့ကိုယ်ပေါ်ကို
ဝတ်ဆင်ပေးလေသည်။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Donde viven las historias. Descúbrelo ahora