Chapter-3{အမုန်းနိဒါန်း}{Uni}

2.7K 189 4
                                    

{Unicode}

ရေဗန်းမှ ရေစက်များက ကိုယ်ပေါ်သို့ဖွာကျ
နေ၏။ ဆံပင်ကစပြီး ကိုယ်တစ်ခုလုံးစိုရွှဲကာ
အေးစိမ့်မှုကြောင့် နှုတ်ခမ်းလေးသည် တုန်ရီ
နေပြီဖြစ်သည်။ သို့သော် ရင်ထဲရှိ ပူလောင်မှု
သည် ရေစက်နှင့်အတူစီးမျောပါမသွားခဲ့ပေ။

ရေချိုးခန်းထဲရှိ ရေဗန်းအောက်တွင် သူထိုင်
နေမိသည်မှာ နာရီအတော်ကြာမြင့်နေပြီဖြစ်
သည်။ မျက်နှာကိုမော့လိုက်ပြီး ရေဗန်းမှကျ
လာသော ရေစက်များကို ခံယူလိုက်မိသည်။
ထိုရေစက်များနှင့်အတူ မျက်ရည်များကို
လည်း စီးမျောလိုက်မိ၏။ ရေစက်များကို
အကာအကွယ်ယူရင်း သူငိုနေမိ၏။

"ရတု...ရတု.....!! "

ရေချိုးခန်းတံခါးကို ပြင်းထန်စွာ ထုရိုက်သံ
ကြားနေရသော်လည်း ထ,ဖွင့်ပေးရန် သူ စိတ်
မပါ။ ခပ်စိတ်စိတ်ထုရိုက်နေသော အသံရပ်
တန့်သွားပြီး ခဏအကြာတွင် ရေချိုးခန်းတံခါး
သည် ဖျက်ခနဲ ပွင့်လာ၏။

ခွန်းသိုက် ရေချိုးခန်းထဲသို့ စိုးရိမ်တကြီးဝင်
လာခဲ့မိပြီး ရေဗန်းအောက်တွင် လူသေတစ်
ယောက်နှယ်ထိုင်နေသော ရတုကို တွေ့လိုက်
ချိန်တွင် သူ့ရင်ထဲရှိ စိုးရိမ်မှုများက နှစ်ဆ
မြင့်တက်လာ၏။

ရေဗန်းခလုတ်အား ပိတ်လိုက်ပြီး ရတုရှေ့တွင်
သူ ခြေဖျားထောက်ထိုင်ချလိုက်ပြီး ရတု မျက်
နှာလေးကို စိုးရိမ်စိတ်မကင်းသော မျက်ဝန်း
များဖြင့် ကြည့်၏။

"ရတု..ငါ့ကိုကြည့်ပါအုံး..!! "

ဒူးနှစ်လုံးအားလက်ဖြင့် ပွေ့ဖတ်ထားရင်း
ကိုယ်လေး တုန်ရီနေသော ရတုကိုကြည့်ရင်း
ခွန်းသိုက် မေးလိုက်လေ၏။ အတော်ကြာ
သည်အထိ ရတု မျက်နှာလေးမော့မလာခဲ့ပါ။

"ရတု..ငါလေ..ခွန်းသိုက်..."

"ခွန်း..သိုက်....မင်းသိလား? ငါ..ငါ..လေ..."

နှုတ်ဖျားမှ တစ်လုံးချင်းထွက်ကျလာသော
ရတု၏ စကားသံနှင့်၊ လက်လေးနှစ်ဖက်အား
တင်းကြပ်စွာပွေ့ပိုက်ထားသော ရတု၏သနား
စဖွယ်ပုံရိပ်ကြောင့် ခွန်းသိုက် ဘာမှဆက်မမေး
နိုင်တော့ဘဲ ရတု ကိုယ်လေးအား တင်းကြပ်စွာ
ပွေ့ဖတ်လိုက်၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Wo Geschichten leben. Entdecke jetzt