Chapter-6{အမှတျတမဲ့တှေ့ဆုံမှု}{Uni}

2.3K 178 17
                                    

{Unicode}

ရန်ကုန်သို့ပြန်ရောက်ပြီး တစ်ရက်ကြာတွင်
ရတုက ကွန်းကွန်းအား ရွှေတိဂုံဘုရားသို့
လိုက်ပို့သည်။ ညနေ နေအေးချိန်မှ ဘုရား
သို့ရောက်လာခဲ့သည်။ ရတုက ရှပ်အကျႌ
လက်တို မိုးပြာရောင်လေးနှင့် ယောပုဆိုး
အနက်လေးကို ဝတ်ထားပြီး ကတ္တီပါဖိနပ်
လေးကိုချွတ်ကာ လက်တစ်ဖက်တွင်
ကိုင်ထားသည်။ ကျန်လက်တစ်ဖက်တွင်
တော့ ခပ်သေးသေးလက်လေးတစ်စုံဖြစ်
သည့် မော်ကွန်းငယ်ရဲ့ လက်လေးကိုဆုပ်
ကိုင်ထားသည်။

မော်ကွန်းငယ်ကိုလည်း ရတုနည်းတူ
အကျႋလက်တိုနှင့် ပုဆိုးလေးကိုဝတ်
စေသည်။ သို့သော် ပုဆိုးမနိုင်သေးသည့်
အရွယ်မို့ ခါးတွင် ခါးပတ်နက်လေးဖြင့်
ပတ်ထားပေးရသည်။ အသားဖြူဖြူ
ဖွေးဖွေးလေးကြောင့် ကွန်းကွန်းသည်
ပုဆိုးလေးနှင့်အတော်ကို လိုက်ဖတ်နေ
သည်။ ထို့ကြောင့် ဖြတ်သွားသည့် သူ
တိုင်းက ချစ်စရာကောင်းလွန်းလှသည့်
ကွန်းကွန်းအား လည်ပြန်ငေးကြရသည်။

"ပါပါး..သားလေးက်ို တွေ့တဲ့သူတိုင်းက
လည်ပြန်ကြည့်ပြီး ချစ်စရာကောင်းလိုက်
တာလို့ပြောနေကြတော့..ပါပါးတောင်
မနာလိုဖြစ်လာပြီ"

ကွန်းကွန်းက ဖခင်ဖြစ်သူကိုငေးကြည့်ရင်း
သွားလေးတွေပေါ်အောင်ပြုံးကာ...၊

"ကွန်းကွန်းက ပါပါးနဲ့တူလို့ ချစ်ဖို့ကောင်းတာ
လေ..မဟုတ်ဘူးလား"

"ဟုတ်ပါ့ဗျာ..နေဝန်းရတု ရဲ့သားလေးက
ရတုနဲ့တူလို့သိပ်ကိုချောတာပေါ့ဗျာ"

"ပါပါး..."

"ဟင်..."

"ကွန်းကွန်းက ပါပါးနဲ့တူတယ်လို့ပြောပြီး
ဘာလို့ ကွန်းကွန်းရဲ့ နာမည်ကိုကျ ပါပါး
နာမည်မပါရတာလဲဟင်"

"ကဲဗျာ..ဒါဆိုလည်း ပါပါးရဲ့ ကွန်းကွန်းက
ဘယ်လို နာမည်လေးလိုချင်လို့လဲ"

ရတု မေးလိုက်တော့ ကွန်းကွန်းက
မျက်မှောင်လေးကျုံ့ရင်း နှုတ်ခမ်းလေး
စူကာ စဉ်းစားခန်းဖွင့်၏။ လမ်းလျှောက်
နေရင်းပင် အတွေးလွန်နေသည့် သားဖြစ်သူ
ရှေ့တွင် ရတု ခြေဖျားထောက်ထိုင်ချလိုက်
ပြီး ကွန်းကွန်း၏ ပါးအိအိလေးအား တစ်
ချက်နမ်းရှိုက်လိုက်ကာ...၊

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Dove le storie prendono vita. Scoprilo ora