ဆော့ဂျင် stadium ထဲက မိမိနေရာ ခုံလေးမှာ ကျော့မော့စွာ ဝင်ထိုင်လိုက်တာနဲ့ ..
ဘေးနားက မိန်းကလေးတစ်စုမှာ ပါးစပ် အဟောင်း
သားဖြင့် ထူးဆန်းအံ့ဩစွာ ငေးစိုက် ကြည့်လာကြသည်။ကျောက်ရုပ်ကြီးတွေလို မျက်တောင်မခတ် ကြည့်နေကြ
တာမို့ မလုံမလဲ ဖြစ်ရင်း ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ရ
သည်အထိပင် ..Japan ဆိုတဲ့ နိူင်ငံဟာ ကျနော်တို့လို gangster တွေ
အတွက် အန္တရာယ် ဇုန် တစ်ခု ဖြစ်တာကြောင့် လိုအပ်
တာထက် သတိထားနေရသည့် အပြင် ..Concert ထဲသို့ လက်နက် ကိုင်ဆောင်ခွင့် မရှိတာမို့
ရုပ်ဖျက်သည့် အနေဖြင့် ဝတ်နေကြ suit တွေမဟုတ်ပဲလူငယ်ဆန်ဆန် ဘောင်းဘီ ဒူးဖုံးလေးအား shirt အဖြူပွပွလေးဖြင့် တွဲဝတ်ထားပြီး ခါးမှာ အင်္ကျီလေး စည်းထားကာ ..
ညဖက်ကြီး sunglasses တပ်ထားရုံမှ တပါး လွန်လွန်း
မင်းမင်း ထူးခြားနေတာမျိုး ရှိမနေ ..အဲ့တာကို ဒီဟာတွေက ဘာဖြစ်ကြတာပါလိမ့် !!
" အိုက်စ် !! "
" ဘာလဲ " လို့ မေးငေါ့မလို့ လုပ်တုန်း ဘေးကပ်လျက်မှာ
ဝင်ထိုင်မယ့် တယောက်က အိုက်စ်ခနဲ ထအော်ပြန်သည်။ဟက် !! ဘယ်လိုလေးတွေလဲဟ !
ခဏအတွင်းမှာပဲ အတော်များများရဲ့ မျက်လုံး အကြည့်
တွေက ပျားတွေလို ဝိုင်းအုံလာကြပြီး ..concert ထက်ပင် ပို စိတ်ဝင်စားနေကြတာမို့ အနေကျပ်
လာရကာ ဖုန်းသုံးပြီး အာရုံပြောင်းလိုက်ရသည်။တအိအိ တအအ အသံတွေ ထွက်ပြီး ထအော်တဲ့ သူကအော် ..
တဝိုးဝိုး တဝါးဝါး ဖြစ်တဲ့ သူက ဖြစ်နဲ့ ပွဲဆူနေတာမို့
စိတ်ရှုပ်လာကာ မျက်နှာထားကို ပိုလို့ပင် ခက်ထန်ထား
ပြီး ချေမိုး ဆူပုတ်နေလိုက်သည်။သူတို့တွေကတော့ မေ့မေ့ မြောမြောဖြင့် ကြည့်ကောင်း
နေကြဆဲ ..ဟူး ~~ ရုပ်ချောပေးရတဲ့ ဒုက္ခကလဲ မသေးဘူးဟ !!
ဟိုကောင် Tae Hyung သာ ပါလို့ကတော့ မေ့များ
လဲကုန်ကြမလား မသိဘူး ..

YOU ARE READING
Fake
Fanfictionဘရားသားက ငါ့ရဲ့အသည်းနှလုံးလေး မဖြစ် ချင်ဘူးလား .. ?! ဟင့်အင်း .. ငါက မင်းရဲ့ နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ချင်တာ .. Jeon jungkook !!! Jeon jungkook 💞 Kim seok jin Kim Tae Hyung 💞 Kim seok jin Kim Namjoon 💞 Kim seok jin ✨FAKE ✨မြတ်နိုး တန်ဖိုးထားရဆု...