{ 0•6 }

505 113 10
                                    

Kim seok jin ဆိုတဲ့ လူသားက ဘယ်အချိန် ပေါက်ကွဲ
မလဲ မသိနိူင်တဲ့ ဗုံးတစ်လုံးနဲ့ တူတယ် ..

ထိန်းချုပ်ဖို့ ခက်သလို .. လိုက်လျောညီထွေဖြစ်ဖို့လဲ
ခက်ခဲပါတယ် ..

မျှော်လင့်ချက်မဲ့နေသလို အေးစက် အသက်မဲ့လွန်းတဲ့
မျက်ဝန်းနက်တွေက ခံစားချက် အလျဉ်းရှိပဲ ဟာလာ
ဟင်းလင်း ဖြစ်နေတတ်သလို ..

ဘယ်အရာကိုပဲ ပိုင်ဆိုင်ထားရပါစေ ကျေနပ်နိူင်စွမ်း
မရှိသော အလို လောဘတွေ ရှိနေတတ်ပြီး တစ်စုံတစ်ရာ
ကို အမြဲတမ်း လိုအပ်နေတတ်ကာ ဘယ်အရာကိုမှ
ကျေနပ် ရောင့်ရဲနိူင်စွမ်းမရှိ ..

ဝမ်းနည်း ဝမ်းသာ မရှိတဲ့ မျက်နှာပါးပါး နုနုလေးက အပြုံးအရယ်လည်း မရှိပေမယ့် မဲ့ပြုံးများကိုတော့
သူ့အပိုင်နှယ် ဖန်ဆင်းထားတတ်ပြီး ခက်ထန်ခြင်း
အတိ ပြီး၏။

အဲ့လို အသက်မဝင်သည့် မဲ့တဲ့တဲ့အပြုံးတွေနှင့် စူးရှတဲ့ မျက်ဝန်းအကြည့်တွေအား ရူးရူးမူးမူး စွဲလမ်းနေသူက တော့ Jeon jungkook ဆိုတဲ့ ကျနော် ကိုယ်တိုင်ပင် ..

အချိန်တိုင်းလိုလို သူ့နားမှာပဲ ပူးကပ်နေချင်မိအောင်
ညို့ငင်ထားတာမို့ တစိမ့်စိမ့် ထိုင်ငေးချင်မိတဲ့ အထိ
စွဲမိသည်။

ကျနော့်အတွက်တော့ ဆော့ဂျင်က လူကို စွဲစေသည့်
မူးယစ်ဆေးလေးပင် ..

ပြီးတော့ လက်နက်ခဲယမ်းတွေ ကားဆီး ဝန်းရံထားတဲ့
ပန်းနုရောင် အခန်းလွတ်လေး တစ်ခု ..

သူ့ရင်ထဲက ထိုအခန်းငယ်လေးဆီ ဇွတ်တရွတ်တိုးဝင်
သွားချင်မိသလို ..

တစ်ကြိမ် တစ်ခါလောက်တော့ seok jin ဆီက ရင်ထဲ
ကပါတဲ့ အပြုံးလေး တပွင့်ကို ပိုင်ဆိုင်ချင်မိသည်။

seok jin အိမ်ရောက်ပြီး ၃လလောက်ကြာတော့ သူ
နဲ့ ကျနော် တစတစ ရင်းနှီးလာတယ်ပဲ ပြောရမလား ..

ရောက်ရောက်ချင်းတုန်းကလောက်တော့ မစိမ်းကြ
တော့သလို တပူးပူး တတွဲတွဲ ဖြစ်ပြီး စိုးတူ ကောင်း
ဖက် ၊ စာလုပ်ဖော် လုပ်ဖက်တွေ ဖြစ်လာခဲ့ကြတယ် ..

Fake Where stories live. Discover now