{ 0•13 }

451 108 15
                                    

South Korea , Seoul

လေဆိပ်က ထွက်လာတာနဲ့ ဆော့ဂျင်အတွက် အသင့်
ကြိုစောင့်နေခဲ့သော ကားများသည် Airport ရှေ့တွင်
မျက်စိတဆုံး စီရပ်ထားကြသည်။

ဤသည်မှာ south korea မှ သူ့ရဲ့ အရှိန်အဝါ တစ်ခုနှင့်
အင်အား အာဏာတစ်ခုကို မီးမောင်းထိုး ထင်ဟပ်စေ
သော အချင်းအရာ တစ်ခုလည်း ဖြစ်သည်။

ရှေ့ဆုံးက ကားဆီ သူ လျှောက်သွားတော့ bodyguard
များ အားလုံးက ခါးညွတ် နှုတ်ဆက်ကြပြီး ကားပေါ်
တက်ဖို့ တံခါး အသင့်ဖွင့်ပေးလာ၏။

" ကိုယ် ကားယူသွားမယ် .. Andrew !
မင်းတို့ ဆက်မလိုက်တော့နဲ့ !!! "

ကားသော့ယူဖို့ လက်လှမ်းတော့ Andrew က " ဖြစ်
ပါ့မလား " ဆိုသော သဘောဖြင့် ကြည့်လာသည်။

Andrew က ဆော့ဂျင်ရဲ့ အယုံကြည်ရဆုံးသော ညာ
လက်ရုံး တစ်ယောက်ဖြစ်ပြီး ညီအကိုလို ခင်တွယ်နေ
ကြသူ တွေမို့ သူ့အပေါ် စိုးရိမ် ဂရုစိုက်လွန်း၏။

" စိတ်မပူနဲ့  .. ကိုယ် Lion ဆီမှာ ရှိနေမှာ !!! "

ထို့နောက် တရှိန်ထိုး မောင်းနှင်သွားသော သူ့ကားလေး
သည် ချိန်းဆိုထားသော tunnel တစ်ခုအောက်တွင် ရပ်
တန့်သွားခဲ့သည်။

သူ့ကားရပ်လိုက်တာနဲ့ လမ်းဘေးမှာ အဆင့်သင့် ကြို
စောင့်နေသော ရွယ်တူ ကောင်လေးတစ်ဦးက ကားထဲ
သို့ ဖျက်လက်စွာ ဝင်လာ၏။

" လမ်းပေါ်မှာ တွေ့ဖို့ ချိန်းရတဲ့ အထိ ဘာထူးလို့လဲ
ROY ?!!! "

" မင်းတောင် ROY ဆိုတဲ့ နာမည်ကို စွဲနေပြီပဲ -!! "

" အဲ့နာမည်က မင်း အတွက် အန္တရာယ် ပိုကင်းလို့လေ "

အဓိပ္ပါယ် များစွာ ပါဝင်သော သူ့စကားကြောင့် ROY
ခပ်ဟဟ တစ်ချက် ရယ်ပြီးမှ သူ့အား စေ့စပ်စွာ ကြည့်
သည်။

"  ပိန်သွားတယ် .. !! "

" အင်း .. ဒီလထဲ ခရီးတွေ ဆက်နေလို့ !! "

" mission ရော အဆင်ပြေခဲ့ရဲ့လား ?! "

" အင်း .. အဆင်ပြေတယ် .. ဒါနဲ့ မင်း မျက်နှာက
ဘာဖြစ်တာလဲ ?! "

ကားကို ညာကွေ့သို့ ကျွမ်းကျင်စွာ ကွေ့ချိုးလိုက်ရင်း
ဖြတ်ခနဲ ကြည့်ပြီး ပြောလိုက်တော့ ..

Fake Where stories live. Discover now