{ 0•15 }

400 101 11
                                    

အကို လမ်းညွှန်တဲ့ အတိုင်း မောင်းလာခဲ့ရင်း လူခြေ
တိတ်သည့် Gangnam ရဲ့ ရပ်ကွက်တစ်ခုထဲ ရောက်
တော့ အကိုက Villa ကြီး တစ်ခုရှေ့တွင် ကားရပ်ခိုင်း
ခဲ့ပြီး ..

" ဒါ ငါတို့ အတူနေဖို့ ဝယ်လိုက်တဲ့ အိမ် !! "

" ဟင် .. !!! "

အတောက်ပဆုံး ပြုံးရယ်ပြီး အိမ်ကြီးကို တအံ့တဩ
ရပ်ကြည့်နေတဲ့ ကောင်လေးဟာ မမှန်းဆနိူင်သော
ပျော်ရွှင်ခြင်း အတိဖြင့် ..

သူ ပျော်အောင် ဖန်တီးပေးတာမျိုး မဟုတ်ပေမယ့်
ဘာရယ်ကြောင့်မှန်း မသိ ဒီကောင်လေး ပြုံးလိုက်တိုင်း
စိတ်ထဲ အေးချမ်းသွားပြီး သူပါ ပျော်နေတတ်သည်။

ဖြူစင်တဲ့ မျက်နှာလေးကို ငေးမိတိုင်းလည်း သူ့ရင်
ထဲတွင် ဒီကောင်လေးကို ကြင်ကြင်နာနာ ထွေးဖက်
ထားချင် စိတ်သာ ဖြစ်ရ၏။

ခါးလောက်သာ ရှိသော ခြံဝန်း တံခါးကို ဖွင့်ရင်း
ရှေ့ဆင့် နောက်ဆင့် လျှောက်ကာ အိမ်လေးထဲ
ဝင်လာခဲ့ကြသည်။

နှစ်ထပ် ပုံစံ villa လေးက သေသပ်စွာ လှပနေပြီး
အတွင်းပိုင်း အပြင်အဆင်တွေကလည်း Luxury
ပရိဘောဂ ပစ္စည်းတွေဖြင့် ရိုးရိုးရှင်းရှင်းသာ ..

သူ့အကြိုက်ဆုံး အရောင်ဖြစ်တဲ့ အနက်ရောင်ကို
အများဆုံး သုံးထားပြီး Game Room အပြင် သူ
သီချင်းလုပ်ဖို့ Studio Room တစ်ခုကိုပါ အကိုက
အသေးစိတ် ပြင်ဆင်ပေးထားပါ၏။

အကိုက ကျနော့် အတွက်တော့ မှော်ဆရာလေး တစ်
ယောက်လိုပါပဲ .. အရာရာကို အံ့ဩဖွယ်ရာ ဖြစ်အောင်
ဖန်တီးပေးနိူင်တဲ့ သူ ..

" ဒါတွေ အားလုံးကို ၁ရက်ထဲနဲ့ အကို ဘယ်လိုများ
ပြင်ဆင်လိုက်တာလဲ ?! "

တအံ့တဩမေးရင်း အကို ရှိရာ လှည့်ကြည့်မိတော့
ကျနော့်အား ခပ်ယဲ့ယဲ့ ပြုံးပြနေတဲ့ အကို ..

" တကယ်ဆို ကျနော်က တာဝန်ယူ လုပ်ပေးရမယ့်ဟာ
sorry အကို .. ကျနော် တာဝန်မကျေဘူး !! "

Fake Where stories live. Discover now