" အားးးးး ...... "
Jeon အိမ်တော်ကြီးထဲတွင် မိန်းကလေးတစ်ဦး၏
ငယ်သံပါအောင် ဟစ်အော်လိုက်သော အော်သံနက်ကြီး
တစ်ခုသည် အရပ်လေးမျက်နှာသို့ တုန်ဟီးပျံ့လွင့်သွား
ပြီး အကြိမ်ကြိမ် ပဲ့တင်ထပ်နေခဲ့သည်။ထိုအော်သံကြောင့် အပြေးအလွှား ဖြစ်သွားကြသော
လူများထဲတွင် စာဖတ်ခန်းထဲက jungkook လဲပါဝင်၏။အသံလာရာ နေရာရောက်တော့ ဝရံတာမှာ မတ်တပ်ရပ်
နေသော ဆော့ဂျင်ကြောင့် ခေါင်းနပန်းကြီးသွားရသည်။" ဘာဖြစ်တာလဲ .. မင်း .... "
ဘေးနားသို့ အပြေးအလွှားသွားရင်း မေးလိုက်တာနဲ့
အောက်သို့ ကြည့်ဖို့ ဝရံတာကို မေးငေါ့ပြတာမို့ သွက်
လက်စွာဖြင့် ငုံ့ကဲကြည့်လိုက်မိတော့ ..မြေကြီးပေါ်တွင် ခွေခွေကလေး လဲကာ တဟင်းဟင်း
ညည်းနေသော အစေခံ မိန်းကလေးမှာ သွေးသံ တရဲ
ရဲဖြင့် သေလား ရှင်လား မသိနိူင်သော အခြေအနေတွင်" အမယ်လေး ... !!!!!! "
ထိုမြင်ကွင်းကြောင့် နောက်ကပါလာသော အိမ်အကူ
များက သွေးပျက်တုန်လှုပ်စွာ ထအော်ကုန်ကြပြီး ..အောက်ကို ဆင်းပြေးသူကပြေး ငုတ်တုတ်မေ့သူက
မေ့ဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ဆူညံနေသော အသံများအား လစ်လျူရှုလျက် စိုးရိမ်
တကြီးဖြင့် အသိစိတ်လွတ် ကြည့်နေမိသည်က ..ကောင်မလေးအား မဲ့တဲ့တဲ့ အပြုံးဖြင့် တည်ငြိမ်စွာ
ရပ်ကြည့်နေခဲ့သော ဆော့ဂျင်ကိုသာ .." ဘာလုပ်နေကြတာလဲ .. ဒေါက်တာ မင်ကို ဖုန်းဆက်
ခေါ်လေ .. !!!!! "အသိစိတ်ဝင်လာတော့ ကျနော် အပါအဝင် တခြားသော အိမ်အကူတွေကပါ ဆော့ဂျင်အား သံသရာ မျက်လုံးတွေဖြင့် ဝိုင်းကြည့်နေကြတာမို့ မျက်စိပျက် မျက်နှာပျက်ဖြင့်
အော်ငေါက် မောင်းထုတ်လိုက်ရပြီး .." ဆော့ဂျင် .. မင်း .. "
" "ငါ့ကို သဘောကျရင် ဝရံတာက ခုန်ချပြ"လို့
ပြောလိုက်လို့ သူကိုယ်တိုင် ခုန်ချသွားတာလေ ..
![](https://img.wattpad.com/cover/287444501-288-k177994.jpg)
YOU ARE READING
Fake
Fanfictionဘရားသားက ငါ့ရဲ့အသည်းနှလုံးလေး မဖြစ် ချင်ဘူးလား .. ?! ဟင့်အင်း .. ငါက မင်းရဲ့ နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ချင်တာ .. Jeon jungkook !!! Jeon jungkook 💞 Kim seok jin Kim Tae Hyung 💞 Kim seok jin Kim Namjoon 💞 Kim seok jin ✨FAKE ✨မြတ်နိုး တန်ဖိုးထားရဆု...