{ 0•17 }

399 101 33
                                    

ညဉ့်သည် နက်သည်ထက် နက်လာသလို ..

Operation အခန်းထဲက ထယ်ယောင်း၏ အော်ညည်း
သံသည်လည်း ကျယ်သည်ထက် ကျယ်လာသည်။

အခုလို လုပ်ကြံခံရတဲ့ သတင်းတွေ အပြင်ကို မပေါက်
ကြားစားဖို့ public ဆေးရုံတွေမှာ မကုသပဲ ..

စိစစ် ရွေးချယ်ခန့်ထားတဲ့ ယုံကြည်ရသော ဆရာဝန်တွေ
နဲ့အတူ Kingdom ရဲ့ ကိုယ်ပိုင် operation ခန်းထဲမှာသာ
mission ကြောင့် ဒဏ်ရာရလာသူတိုင်းကို ကုသပေးကြ
တာမို့ ..

ထယ်ယောင်းကို ခေါ်လာခဲ့ကြတဲ့ နေရာက သူတို့ရဲ့
Private ကုသဆောင်ထဲသို့ ..

" ကံကောင်းလို့ နှလုံးကို ထိဖို့ နည်းနည်းပဲ လိုတာ !"

Doctor Yoon ရဲ့ စကားက သေမတတ် ဝေဒနာ ခံစား
နေရသော ထယ်ယောင်းကို နှစ်သိမ့်လေသလား ..

ကျနော့်ကိုပဲ မစိုးရိမ်ဖို့ ပြောလေသလား မသိ ..

ကျနော့်ရဲ့ အကြည့်တွေကတော့ ပိုးသတ်ထားတဲ့
ဓါးတွေနဲ့ သူ့ ဒဏ်ရာပေါ်တွင်သာ ..

ဒဏ်ရာကို အစိမ်းသက်သက် ခွဲချလိုက်သည့် နောက် ..
ပွက်ခနဲ အန်ကျလာသော သွေးတွေနဲ့ ဖြူလျော့သွားတဲ့
နှုတ်ခမ်း ပါးပါးလေး ..

ချွေးစို့နေတဲ့ ထယ်ယောင်း ဆံပင်တွေအား နဖူးပြင်ပေါ်
မှ ညင်သာစွာ သပ်တင်ပေးနေတဲ့ သူ့ လက်ဖဝါးနုနုမှာ
လည်း တုန်တုန်ယင်ယင်ဖြင့် ..

" ကျည်ဆန် ထုတ်ပြီးပြီ ဆိုတော့ အေးဆေး နားလို့ရ
ပါပြီ !! "

ဆရာဝန် အသံကြားမှ အားယူ ဖွင့်ကြည့်လာတဲ့ ကြည်
ပြာရောင် မျက်ဝန်းတွေဟာ သူ့ကို မြင်တော့ အပြုံးရိပ်
သန်းသွားခဲ့သည်။

" အခန်းထဲ ရွေ့လို့ ရပြီ မှလား .. Doctor !! "

" ရပါပြီ !! "

အခန်းထဲ ရွေ့ကာ လိုအပ်တဲ့ ဆေးသွင်းပြီးနောက်
ထယ်ယောင်း တစ်ယောက် ငြိမ်သက်စွာ အိပ်မော
ကျသွားခဲ့တယ် ..

ကုတင်ဘေးတွင် ထိုင်ကြည့်ရင်း သူ့ ခန္ဓာကိုယ်က
အမာရွတ်တွေ အကြောင်းတွေးမိတော့ စိတ်ထဲမှာ
မချိတင်ကဲဖြင့် ဝမ်းနည်း နာကျင်လာရသည်။

Fake Where stories live. Discover now