{ 0•5 }

604 122 6
                                    

" ငါ ဘယ်သူလဲ သိတယ် မှလား ?! "

Jeon Yoo Ah သားဆိုသူ၏ ခေါ်လာရာ ပထမထပ်မှ
ခမ်းနားလွန်းသော အခန်းကျယ်ကြီးထဲ ရောက်တာနဲ့
သူ့ပုခုံးအား အားဖြင့် ဆွဲ့လှည့်ကာ မျက်နှာချင်းဆိုင်
မေးလိုက်သည်။

" ကိုယ့် အသက်သခင် ကျေးဇူးရှင် ရဲ့သား !! "

" ဟက် !! မင်းကို ငါ့ အမေက ကယ်ခဲ့တာ မဟုတ်ဘူး
မင်းရဲ့ ယုတ်မာကောက်ကျစ်တဲ့ အဖေက သတ်ပြီး
တော့ နှလုံးကို အတင်း ယူခဲ့တာ .. !! "

အံကြိတ်သံများဖြင့် ပြောကာ စူးရဲလွန်းသော မျက်ဝန်း
နက်တွေအား မရင်ဆိုင် ရဲတာမို့ ဂျောင်ကု ခေါင်းလေး
ငုံထားရင်း ..

" မသိခဲ့လို့ .. သိခဲ့ရင် .. ဘယ်တော့မှ လက်ခံခဲ့မှာ
မဟုတ်ဘူး .. မင်း အမေမှ မဟုတ်ဘူး တခြား ဘယ်
သူ့ဆီကမှ လက်ခံမှာ မဟုတ်ဘူး ..

ကိုယ့်ကြောင့်နဲ့ လူတစ်ယောက် အသက်ပေးခဲ့ရလို့
စိတ်မကောင်းဖြစ်ခဲ့ရတယ် .. အားနာနေခဲ့ရတယ် ..
ပြီးတော့ တောင်းပန်ချင်ခဲ့တာ .. "

" တောင်းပန်တယ် .. မင်း တောင်းပန်တော့ရော ငါ့
အမေက ပြန်ရှင်လာမှာလား ?!

မင်းကြောင့် မဟုတ်ဘူး မင်း အဖေနဲ့ အဘွားကြောင့်
ငါတို့ မိသားစု ဘဝပျက်သွားခဲ့ပြီ .. သူတို့ကိုလဲ ထပ်
တွေ့ခွင့် မရတော့ဘူး .. ဒီအိမ်မှာလဲ မင်းရဲ့ ကျွန်လုပ်
ပြီး နှိပ်စက်ခံရအုံးမှာလေ ..

အဲ့လောက်အထိ မင်းတို့ ရက်စက်ခဲ့ကြတာ ..
ဒီကမ္ဘာမှာ မင်းတို့လောက် ယုတ်မာတဲ့ သူတွေ မရှိ
တော့ဘူး !!!!  "

ဆော့ဂျင် တစ်ယောက် လအတော်ကြာအောင် ရင်ထဲမှာ ဖြစ်တည်နေခဲ့သော အစိုင်အခဲများအား မီးကုန်ယမ်းကုန် ပေါက်ကွဲပစ်ကာ စိတ်ရှိတိုင်းအော်ပစ်လိုက်သည်။

သူ့ရှေ့က ကောင်လေးငယ်မှာတော့ ခြေမကိုင်မိ လက်
မကိုင်မိဖြင့် မျက်နှာလေး ညိုးငယ်နေရှာသည်။

" တောင်းပန်ရုံနဲ့ မလုံလောက်ဘူးဆိုတာ သိပေမယ့်
အားလုံး အတွက် အနူးညွတ် တောင်းပန်ပါတယ် .. ပြီးတော့ မင်းကို အဲ့လို သဘောမထားပါဘူး ..

မင်းကို ကျေးဇူးရှင်လို သတ်မှတ်ပြီး စောင့်ရှောက်သွား
မှာ .. "

Fake Where stories live. Discover now