မျှောလွင့်သွားတဲ့ အခိုးအငွေ့တွေနဲ့ အတူ သူ့အတွေးစ
အားလုံးကတော့ အတိတ်ရဲ့ စာမျက်နှာတွေ ဆီသို့ ..Las Vegas , US
မှောင်ခို လုပ်ငန်းတွေ ပေါများလွန်းတဲ့ ...
တရားမဝင် နေထိုင်သူတွေ ရှိရာ အိုဟောင်းနေတဲ့
လမ်းကြားတွေထဲ လက်ချင်းတွဲလျက် အသက်လုကာ ပြေးလွှားနေရတဲ့ Korea လူမျိုး ကလေး နှစ်ယောက်အသက် ၂၀ အရွယ် အရပ်ရှည်ရှည် လူငယ်လေး တစ်
ဦးနဲ့ သူ့ဘေးက အသက် ၁၆ နှစ် အရွယ် ကောင်လေးလမ်းကြားတွေထဲ အသတ်လုပြေးနေရပုံက သနား
စရာအဖြစ်ပင် .." အေး .. ပြေးထားအုံးပေါ့ကွာ .. မိတာနဲ့ အသေပဲ
မှတ် !! "နောက်က လိုက်ဖမ်းနေသည့် American လူမျိုး
အသက် 35-40 အရွယ် လူကြီးတွေ ဆီမှ ဆဲရေးသံ
တွေက လမ်းတခုလုံး ခြုံလွှမ်းသွားခဲ့တာ ဖြစ်သည်။နှစ်ယောက်လုံးကို တခါတည်း ဖမ်းပစ်ဖို့ သုံးယောက်
ဆိုတဲ့ လူအင်အားက လုံလုံလောက်လောက် ရှိသလို ..လက်ထဲက လက်နက်တွေကြောင့်လဲ သူတို့ နှစ်ဦးလုံး
ပြေးရင်းနဲ့ ကြောက်ဒူးတုန်ကာ ချွေးစေးများပင် ပြန်
နေသည်။" မိအောင် ဖမ်းစမ်း !! "
ကံဆိုးစွာနဲ့ လမ်းကြားတစ်ခုထဲ ပိတ်မိသွားတဲ့ သူတို့ နှစ်ယောက် ရှေ့မှာလဲ အုတ်နံရံကြီးမို့ ပြေးပေါက် မရှိတော့ပေ ။
![](https://img.wattpad.com/cover/287444501-288-k177994.jpg)
YOU ARE READING
Fake
Fanficဘရားသားက ငါ့ရဲ့အသည်းနှလုံးလေး မဖြစ် ချင်ဘူးလား .. ?! ဟင့်အင်း .. ငါက မင်းရဲ့ နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ချင်တာ .. Jeon jungkook !!! Jeon jungkook 💞 Kim seok jin Kim Tae Hyung 💞 Kim seok jin Kim Namjoon 💞 Kim seok jin ✨FAKE ✨မြတ်နိုး တန်ဖိုးထားရဆု...