{ 0•18 }

430 98 15
                                    

မနက်ခင်း training ကို ပျက်ကွက်ခဲ့တဲ့ jungkook
အိမ်သို့ ရောက်သွားခဲ့တဲ့ အချိန်က မနက် ၉နာရီ တိတိ

ပွင့်လျက်သား အိမ်ဝင် တံခါးကြောင့် စိတ်ပူသွားရတာ
က အကြိမ်ကြိမ် ဖုန်းမကိုင်ခဲ့သော ချစ်ရသူကို ..

အိမ်ထဲ မပြေးရုံ တမယ် ဝင်သွားလိုက်ပြီး အိပ်ခန်းတစ်
ခုထဲ တံခါးဖွင့် ဝင်လိုက်တော့ ..

ကုတင်ပေါ်မှာ စည်းစိမ်ယစ်မူးနေတဲ့ သကောင့်သား
ကိုမြင်မှ Park Ji Min တစ်ယောက် သက်ပြင်းလေးချ ရင်လေးဖိနိူင်တော့သည်။

အခန်းတစ်ခုလုံးကတော့ ရှုပ်ပွနေတာ မြင်လို့တောင်
မကောင်းတော့ ..

ပေပေတေတေ မနေတတ်တဲ့ သူ့ အသည်းနှလုံးလေးက ဘာအတွက်ကြောင့် အရက်တွေ သောက်ထားရတာလဲ

" Jk .. jungkook - !! "

ခပ်တိုးတိုး ခေါ်ရုံနဲ့ ငေါက်ခနဲ ထထိုင်တဲ့ ချစ်ရသူ ..

မျှော်လင့်ချက် အရောင်တောက်သွားတဲ့ မျက်ဝန်းတွေ
က သူ့ကို မြင်တော့ ညိုးငယ် သွားတာ သိသိသာသာ ..

ရင်နစ်ရသည်။

အနီးဆုံး ရောက်ခဲ့ပေမယ့် မဆုံနိူင်လောက်အောင်
လွဲချော်နေတဲ့ ဆုံမှတ်တွေ အတွက် ..

ပြိုကျလုဆဲဆဲ မျက်ရည်ဥတွေကို ပစလက်ခတ် ဖုံးကွယ်
ပစ်လိုက်ရတာက ဟန်ဆောင် အပြုံးတု တပုံတပင်နဲ့ ..

ဆံပင်တွေ စုတ်ဖွာပြီး ပန်ဒါတွေလို ညိုမဲ ချောင်ကျနေ
တဲ့ မျက်ကွင်းလေးတွေနဲ့ ကောင်လေးက သူ့ကိုယ်သူ
ဂရုစိုက်တတ်လွန်းတဲ့ ကျနော့် kookie မှ ဟုတ်ရဲ့လား အကြိမ်ကြိမ် ပြန်ကြည့်ရတဲ့ အထိ ..

လူရော စိတ်ပါ စုတ်ချာ ညစ်ထေးနေတဲ့ သူက ..

ကျနော့်ကို တချက်ကြည့်ပြီးတာနဲ့ အိပ်ရာထဲက ဖုန်းကို အလျင်စလို ကောက်ကိုင်ပြီး တစ်စုံတစ်ယောက်ဆီ
ဖုန်းဆက်နေပါ၏။

သူတို့တွေ အဆင်မပြေကြဘူးပဲ ..

" အကိုက ငါ့ဖုန်းကို မကိုင်ဘူး .. ji min !! ညထဲက
ဖုန်းဆက်ပိတ်ထားတာ .. "

လက်ထဲက ဖုန်းကို လွှင့်ပစ်ပြီး အံကြိတ်သံတွေနဲ့
ပြောနေသူက မေးကြောတွေပင် ထောင်လို့ ..

Fake Where stories live. Discover now