{ 0•10 }

469 112 6
                                    

" တော်တော့ ... Jeon Jungkook !!!!! "

အခန်းထဲရောက်သည်နှင့် အင်္ကျီတွေအား လှန်မြှောက်
ရင်း ခန္ဓာကိုယ် အနှံ့စစ်ဆေးနေသည့် ဂျောင်ကုအား
ဆော့ဂျင် အသံကုန် သုံးပြီး အော်ပစ်လိုက်သည်။

" ကျနော် ဘယ်လောက် စိတ်ပူသွားလဲ အကို သိရဲ့လား "

မင်း စိတ်ပူတဲ့ ကိစ္စက ဖြစ်ပြီးသွားခဲ့တာ ကြာပြီ ..
Jeon jungkook ရဲ့ .. ကြီးကျယ် မြင့်မြတ်လွန်းတဲ့
မင်း daddy က ငါ့ကို ဘယ်လို ခြေတော် တင်ခဲ့သလဲ
ဆိုတာကို ပြောပြလိုက်ရင် .. အဟက် ..

မင်း သူ့ကို ဘာလုပ်မလဲ ငါ သိပ် သိချင်တာပဲ ..

" အဟက် .. ငါက မင်း daddy ကို အပိုင်ဖမ်းလိုက်မှာ
ဆိုးလို့လား ?! "

" ဟားးးး .. အကို့ကို အဲ့လို မြင်လိမ့်မယ်လို့ အကို
ဘယ်လိုများ တွေးပစ်နိူင်ရတာလဲဗျာ .. "

ချက်ချင်းဆိုသလို မျက်ရည်များ ပိုးပိုးပေါက်ပေါက်
ကျကာ ငိုကြီး ရှုက်မ ပြောလာသော ဂျောင်ကုအား
ဟက်ခနဲ ရယ်လိုက်ပြီးမှ ကျောပေးရပ်ပစ်လိုက်သည်။

" ကျနော် အကို့ကို ဘယ်လောက်အထိ တန်ဖိုးထားလဲ
အခုထိ မသိသေးဘူးလား .. မယုံကြည်နိူင်ဘူးလား ?! "

မျက်နှာငယ်လေးဖြင့် တအိအိငိုရင်း ပြောနေသော
ဒီကောင်လေးက အတွင်းစိတ် နူးညံ့လွန်းသလို သူ့
အပေါ်တွင်လဲ ကြာလေ ချစ်ခင် တွယ်တာပြီး သံယော
စဉ်တိုးလာလေ ဖြစ်သည်။

" ကျစ်!တော်တော့ကွာ !!! "

" ကျနော် အကို့ကို ယုံပေမယ့် .. Daddy ကို မယုံလို့
အခုလို လုပ်မိတာ .. အကို့ကို စော်ကားမိသလို
ဖြစ်သွားရင် တောင်းပန်ပါတယ် အကို .. တောင်းပန်
ပါတယ် .. "

" သိပြီ .. သိပြီမို့ .. ငိုတာကို အခု ရပ်တော့ !! "

တအီအီငိုသံတွေအား ရပ်နားမထောင်နိူင်တော့တဲ့ အဆုံး
မျက်ရည်များ သုတ်ပေးလိုက်တော့ ဂျောင်ကုက တင်း
တင်း ကျပ်ကျပ် ဆွဲဖက်ကာ ရင်ခွင်ထဲ ထည့်ထားခဲ့ပြီး

" အရမ်း ချစ်လို့ပါ .. အကိုရယ် .. အကို့ကို အရမ်းချစ်
လွန်းလို့ .. "

Fake Where stories live. Discover now