{ 0•16 }

404 93 11
                                    

မြို့တော်ဝန် အသစ် ခံအပ်ပွဲ ..

Accident တစ်ခုကြောင့် သေဆုံးသွားသော မြို့တော်
ဝန်ကြီး နေရာကို Kingdom မှ လူစားထိုး လိုက်နိူင်၍
အောင်ပွဲ ခံခြင်း လို့သာ ကျနော် သုံးနှုန်းမည်။

မီးခိုးရောင် မှိုင်းမှိုင်း suit နဲ့ seok jin က long coat ရှည်
အညိုရောင်ကို အပေါ်ရုံထားကာ ခန့်ညား ကြည့်ကောင်း
လွန်းနေ၏။

သူ့ဘေးမှာတော့ အစိမ်းရောင် suit နဲ့ ခန့်ညားနေသော
ပါးချိုင့်တွေ ပေါ်အောင် ပြုံးနေတဲ့ Kim Lion !!

သူတို့ နှစ်ဦး အနားမှာတော့ ခါးကျိုး မတတ် ဦးညွတ်
ဂါဝရပြုကာ အသိမှတ် ပြုခံရဖို့ တောင်ပြို ကမ်းပြို
ကြိုးစားနေကြသော Korea အထက်တန်းလွှာမှ လူ
ကြီးမင်း တချို့ ရှိနေသည်။

သူက Kingdom ရဲ့ အရေးပါသော အတွင်းရေးမှူး
ဖြစ်သလို ..

Kim Namjoon ရဲ့ အာဏာနဲ့ အင်အားကလည်း နှစ်
ယောက်မရှိ ပေါက်ရောက်လွန်းတယ် မဟုတ်လား

ဒါကြောင့် အသစ်ခန့်လိုက်သော မြို့တော်ဝန်ထက်
ပွဲတက်ရောက်လာတဲ့ လူအားလုံးရဲ့ အာရုံစိုက်မှုနဲ့
ရိုကျိုး မှုတွေက သူတို့ဆီတွင်သာ ..

တချို့ဆို သူတို့ သမီးတွေပါ ခေါ်လာပြီး Namjoon
အတွက်ရော ကျနော့် အတွက်ပါ မိတ်ဆက်ပေးကြပြီး
သားမက်ဖမ်းဖို့ ကြိုးစားကြပါသေးတယ် ..

အလားတူပဲ ဒီနေ့လို ပွဲတွေဟာ သူတို့ကို လုပ်ကြံချင်
သူတွေ အတွက် အခွင့်အရေးကောင်း တစ်ခုမို့ ..

Andrew တို့ တဖွဲ့လုံးကတော့ အသက်ပင် မရှူမိပဲ
သတိ ချပ်နေကြရသည်။

စကားပြောကောင်းတဲ့ အမှုစစ်ချုပ်နဲ့ လက်နက်တွေ အကြောင်း ပြောနေကြပြီး ရှိန်ပိန် ခွက်ချင်း တိုက်လိုက်
ချိန် ..

တဖျက်ဖျက် တလျှပ်လျှပ် ရိုက်နေကြသော camera
များကို ကျော်ဖြတ်လာပြီး ပွဲထဲ ဝင်လာသော jungkook
အား လှမ်းတွေ့လိုက်ရသည်။

အဖြူရောင် suit နဲ့ ကြည့်ကောင်းနေသော ကောင်လေး
က သူ့အပိုင် အပြုံးချိုတွေဖြင့် ဖြူစင်စွာ ပြုံးရယ်နေခဲ့
၏။

မြို့တော်ဝန်နဲ့ နှုတ်ဆက် စကားပြောနေတဲ့ အထိ
လိုက်ကြည့်နေမိပြီးမှ အကြည့်ပြန်လွှဲလိုက်ပြီး ..

Fake Where stories live. Discover now