{ 0•3 }

508 107 5
                                    

လွန်ခဲ့သော ၁၀နှစ်ခန့်က ..

ဂုဏ်ရာထူး အရှိန်အဝါဖြင့် ထင်ရှား ကျော်စောခြင်း မရှိ
သည့် ကျနော့်တို့ မိသားစုလေးသည် သာမာန် မိသားစု တစ်ခုဖြစ်ပေမယ့်လည်း ..

Korea နိူင်ငံကြီးထဲက လူနေနည်းပါးလွန်းသည့် ဖွံ့ဖြိုး တိုးတက်ခြင်းမရှိသော ကျေးလက် ဒေသများတွင်သာ ရည်ရွယ်ချက်ချက် ရှိရှိဖြင့် ရှင်သန် နေထိုင်ခဲ့ကြသည်။

တစ်စုံတစ်ရာကို အစဉ်အမြဲ ထိတ်လန့် ကြောက်ရွံ့နေ
သလို စိုးရိမ် ပူပန်မှုတွေဖြင့် တမြို့ပြီး တမြို့တစ်ရွာပြီး တစ်ရွာ ရွေ့ပြောင်းကာ ခြေရာဖျောက်လေ့ရှိတတ်တာ
က ကျနော့် မိဘတွေရဲ့ အကျွမ်းကျင်ဆုံး အလုပ် ဟုပင်
ကင်မွန်းတပ်ချင်သည်။

အဲ့လို ထူးဆန်းတဲ့ ကျနော့်မိသားစု၏ မိသားစုဝင်တွေကတော့ Kim seok jin ဆိုတဲ့ ကျနော်ရယ် .. omma နဲ့ ..
ကျနော့်ထက် ၂နှစ်ငယ်ပြီး သိပ်ချစ်ရတဲ့ ညီလေး
Kim Yoon Gii .. ပြီးတော့ ကျနော့် ပထွေး ရယ်ပါ ..

ငွေကြေးမပြည့်ဆုံပေမယ့် သာယာတဲ့ မိသားစုတစ်ခု
ဖြစ်ပြီး ပျော်ရွှင် ချမ်းမြေ့ခဲ့ရသလို ဒီအချိနိတွေကသာ ကျနော့် ဘဝရဲ့ အပျော်ရွှင်ရဆုံး ဆိုတဲ့ အချိန်ကောင်း
လေးတွေ ဖြစ်သည်။

ကျနော်က appa ရဲ့ သား အရင်း မဟုတ်တာကိုတော့
အခုလက်ရှိနေ,နေတဲ့ ကျေးရွာလေးကို ပြောင်းလာပြီး
အသက် ၁၇ နှစ်ပြည့်မှ သိခွင့်ရခဲ့တာ ..

အဲ့လိုဆိုပေမယ့်လဲ ကျနော်နဲ့ ကျနော့် ပထွေးကြားက
ဆက်ဆံရေးက ဘာမှ ပြောင်းလဲမသွားခဲ့သလို သူဟာ
ကျနော် အချစ်ဆုံးနဲ့ အလေးစားဆုံး ဖခင်တစ်ဦးဆက်
ဖြစ်နေဆဲပါပဲ ..

ဘာရယ်ကြောင့်မှန်းမသိ ကျနော်တို့ မိသားစုက တစ်
နေရာမှာ အကြာကြီး အခြေချလေ့ မရှိဘူး ..

တစ်နှစ်မှာ အနည်းဆုံး မြို့ ၃မြို့လောက် ပြောင်းရလေ့
ရှိတာက Omma ရဲ့လွန်ကဲသော ပူပန်ကြောင့်ကျမှုတွေကြောင့် ဆိုတာကိုတော့ အရွယ်ရောက်လာမှ သဘော
ပေါက်သွားခဲ့တာ ..

Fake Where stories live. Discover now