{ 0•4 }

454 106 6
                                    


" မင်း တောင်းဆိုတာ မှန်သမျှကို ငါ လက်ခံတယ်
အဲ့တာကြောင့် မနက်ဖြန် မင်း ပေးရမဲ့ အရာကိုပဲ
ပေးဖို့ ပြင်ထား !! "

ကျောပေးရပ်နေသော ထိုလူက မိန်းမကြီးအား စူးစိုက်
ကြည့်ကာ ဟက်ခနဲ ရယ်လိုက်ပြီး ..

omma အား ပြတ်သား ခက်ထန်စွာ ပြောပြီးတာနဲ့
အခန်းထဲမှ ချာခနဲ လှည့်ထွက်သွားတော့သည်။

မိန်းမကြီးပါ နောက်မှလိုက်သွားတာနဲ့ ကြမ်းပြင်ပေါ်
က omma အား တင်းကျပ်စွာ ပြေးဖက်လိုက်သည်။

သည်းထန်စွာ ငိုနေခဲ့သော omma ကိုယ်လေးဟာ တုန်ရီ
လှိုက်မောလျက် ချွေးစေးများပင် ပျံနေရှာသည်။

" မငိုပါနဲ့ .. omma ရယ် !! ကျနော် တောင်းပန်ပါတယ်
မငိုပါနဲ့တော့နော် !! "

ကျနော့် စကားကြောင့် omma က မျက်ရည်တွေအား
အကြမ်း သုတ်လိုက်ကာ ကျနော့်အား စူးနစ်စွာ စိုက်
ကြည့်ရင်း ..

" သားလဲ .. မငိုတော့နဲ့ .. seok jin !!
အခု omma ပြောတာတွေကိုလဲ သေချာမှတ်ထား ..

အဲ့နေ့ညက ကျနော်တို့ မိသားစုရဲ့ ဘဝတွေ အစိတ်စိတ်
အမြွှာမြွှာ ကြေကွဲ ပျက်သုန်းသွားခဲ့ရတယ် ..

မကြာခင် အချိန်အတွင်းမှာပဲ omma ကျနော့်ကို
ထားသွားတော့မယ် ဆိုတဲ့ အသိက လက်ခံဖို့ မလွယ်
ကူ သလို ..

နှလုံးသားအား ဓါးထက်ထက် တစ်ခုနဲ့ အပိုင်းပိုင်း
လှီးဖြတ်ခံနေရသလိုမျိုး သေမတတ် နာကျင်ခဲ့ရတယ်

တသိမ့်သိမ့် ရှိုက်ငိုနေတဲ့ omma ရဲ့ ရင်ခွင်ထဲမှာပဲ
နင့်သည်းစွာ ငိုနေမိပေမယ့် ထူးဆန်းစွာပဲ မျက်ရည်
တွေက ကျမလာတော့ဘူး ..

ဆုံးရှုံးရတော့မယ့် omma ရဲ့ နှလုံးသားနဲ့ အတူ
ကျနော့်ရဲ့ နှလုံးသားပါ တစစီ ပျက်ဆီးသွားခဲ့တာမို့

ရင်ဘတ်ထဲမှာလဲ ဒီအကြောင်းအရာတွေကို သံမှိုတွေ
လို စိုက်မှတ်ထားရင်း omma အား မကာကွယ်နိူင်တဲ့
အထိ အားနည်းလွန်းတဲ့ ကိုယ့်ကိုယ်ကိုသာ မုန်းတီးနေ
မိသည်။

Fake Where stories live. Discover now