သူသိပ်ကြိုက်သော ချောကလက်လေးများ ခွံ့ကျွေးနေ
ရင်း ကြည့်မဝနိူင်သော မြတ်နိုးရာလေးအား တစိမ့်စိမ့်
ကြည့်လျက် တွေးမိသည်။သူ့နှလုံးခုန်သံကြားမှ အိပ်ပျော်နိူင်သော အကိုက
မိခင်ဖြစ်သူအား မည်မျှ ခင်တွယ်ကြောင်းနှင့်
မိသားစုအား မည်မျှ သံယောစဉ် ရှိကြောင်းကိုပင် ..အကိုက ငိုတာကို မုန်းပေမယ့် အကို့ရဲ့ မျက်ဝန်းတွေ
ကတော့ ခက်ထန်သလိုလိုနဲ့ မသိမသာ ငိုကြွေးနေတတ်
တာရယ် ..အဲ့လိုပဲ အကိုရဲ့ လောကကြီးကို ခနဲ့တတ်တဲ့ မဲ့ပြုံးတွေ
ကလဲ အတုအယောင်ဆန်လွန်းပါတယ်လေ ..ဒီလိုမျိုးနဲ့ အကို တစ်ယောက် ရင်ထဲက ပါတဲ့ အပြုံးမျိုး
နဲ့ လှလှပပ မပြုံးတတ်တော့မှာ တွေးပြီး စိုးရိမ်နေမိသလိုတခါတလေတော့လဲ အကို့ကို လူသားဆန်စွာ ပြုံးရယ်
စေချင်သည် ၊ ငိုကြွေးစေချင်ခဲ့သည်။အရာရာ ပြည့်ပြည့် စုံစုံနဲ့ ကြီးပြင်းခဲ့တဲ့ ကျနော့် အတွက်
အကို့ရဲ့ ဘဝလေးကို နားလည်ပေးဖို့က ခက်ခဲခဲ့ပါတယ်အကိုကိုယ်တိုင်ကလဲ နားလည်ဖို့ ခက်လွန်းတဲ့သူမို့ ..
ကျနော်ကလဲ ငယ်ငယ်ထဲက Daddy အရှိန်အဝါတွေ
ချမ်းသာကြွယ်ဝမှုတွေကြောင့် အစစ်အမှန်များစွာ
ပျောက်ဆုံးခဲ့ရတဲ့သူ မဟုတ်လား ..ပေးနိူင်ကမ်းနိူင်မှ ပေါင်းတတ်ကြတဲ့ မိတ်ဆွေ သူငယ်
ချင်းတွေနဲ့ ကြုံဖူးခဲ့တာမို့ ဟန်ဆောင်တတ်တဲ့ သူတွေ
ကို မယုံကြည်သလို ..အပေါ်ယံ ပကာသန တပ်မက်မှုတွေကိုလဲ တကယ်ပဲ
ကြောက်မိပါတယ် ..ဒါကြောင့် စူးနစ်စွာဖြင့် လိုချင်မိခဲ့သော အကို့ဆီက
ချစ်ခြင်းမေတ္တာသည် ရင်ထဲက ပေါက်ဖွားလာသော
မေတ္တာစစ် မေတ္တာမှန်တွေသာ ဖြစ်စေချင်ခဲ့ပြီး ..အကို့အတွက်တော့ ကျနော်ဆိုတဲ့ လူသားက နွေးထွေး
လုံခြုံမှု အပြည့်ပေးမယ့် ချစ်ကြင်ယုယတတ်လွန်းတဲ့
ချစ်သူကောင်းလေး တစ်ယောက် ဖြစ်နေစေရမည်ပင်

YOU ARE READING
Fake
Fiksi Penggemarဘရားသားက ငါ့ရဲ့အသည်းနှလုံးလေး မဖြစ် ချင်ဘူးလား .. ?! ဟင့်အင်း .. ငါက မင်းရဲ့ နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ချင်တာ .. Jeon jungkook !!! Jeon jungkook 💞 Kim seok jin Kim Tae Hyung 💞 Kim seok jin Kim Namjoon 💞 Kim seok jin ✨FAKE ✨မြတ်နိုး တန်ဖိုးထားရဆု...