{ 0•11 }

468 113 19
                                    

ဂျိမ်းဂျိမ်း ဂျက်ဂျက် အသံများ ထွက်လျက် စည်းချက် တကျ ခုတ်မောင်းနေသော ရထား တစင်း ပေါ်ဝယ် ..

အပြာရောင် မိုးသားကောင်းကင်ကြီးအား တမေ့တမြော
ငေးရင်း လွမ်းဆွေးနေသော ကောင်လေး တစ်ဦး ရှိနေခဲ့
သလို ..

ထိုကောင်လေးအား စာအုပ်လေး ဖတ်ဟန်ဆောင်ကာ
ခိုးခိုးငေးနေသော ကောင်လေး တစ်ဦးလဲ ရှိနေခဲ့သည်။

အနှီကောင်လေး နှစ်ဦးစလုံးသည်ကား အသက် ၂၀
အရွယ် ကောင်လေးများ ဖြစ်ကြပြီး ..

မြင့်မိုရ်တောင်လောက် ကြီးမားလွန်းသော အမုန်း၊
ရန်ငြိုးတွေအား တနင့်တပိုးထမ်းလျက် ဘဝ သစ်
တစ်ခု တည်ဆောက်ကြဖို့ ကြံရွယ်နေကြသူများလဲ
ဖြစ်သည်။

လေကြောင့် အနည်းငယ် ပွသွားသည့် ဆံပင်များအား
လှန်သပ်လိုက် လေအဝှေ့တွင် မျက်နှာလေး အပ်လိုက်
ဖြင့် ကလေး တစ်ယောက်နှယ် ဆော့ကစားနေသော
ဆော့ဂျင်က နေရောင်ခြည် နုနုလေး၏ ပံပိုးမှုကြောင့်
အလှကြီး ပိုလှနေ၏။

ခြံဘေးက ခိုးခိုး ကြည့်တိုင်း မမြင်တွေ့ဖူးခဲ့သည့်
အပြုံး ယောင်ယောင်လေးပင် သန်းလျက် ရှိနေပြီး ..

လွတ်လပ်သွားသည်ဟု ခံစားနေရခြင်းကြောင့် ထင်ရဲ့
လန်းဆန်း တက်ကြွကာ စိတ်အား ထက်သန်မှု အပြည့်
နှင့်ပင် ..

ခပ်ဟဟဖြစ်နေသည့် နီဆွေးဆွေး နှုတ်ခမ်းဖူးလေးအား
အကြည့်ရောက်မိတော့ ဆော့ဂျင်တွင် အင်အားကြီးလွန်း
သော တစ်စုံတစ်ခု ရှိနေသည်ဟု တွေးမိသည်။

အဲ့အရာမှာ ညို့ငင်အား တစ်ခုလို ပျော်ဝင် မိန်းမောစေ
နိူင်သည့် ဓါတ်သတ္တိတမျိုး ဖြစ်သည်။

ဆော့ဂျင်တွင် ပြီးပြည့်ဆုံလွန်းပြီး ထူးကဲလွန်းသည့်
အလှတစ်ခုလဲ ရှိနေသည်။

နက်ရှိုင်းလွန်းသည့် အကြည့် စူးရဲရဲတို့သည် မျက်လုံး
ချင်း စုံကြည့်လာသူတိုင်းအား ပျော်ဝင်သွားစေနိူင်ပြီး
မဆွဲဆောင်ပါပဲနှင့် သူ့အလှတွင် ရှုံးနိမ့်ကြရမည်သာ ..

Fake Where stories live. Discover now