{ 0•9 }

454 108 9
                                    

ထိုအဖြစ်ဆိုးကြီးအား နာကျည်းစွာ မြိုသိပ်ရင်း ရှင်
သန်ခဲ့ရတာ အထက်တန်း နောက်ဆုံးနှစ်အထိပင် ..

rape ဆိုတဲ့ ရာဇဝတ်မှုအား မည်သည့်နေရာကိုမှ မတိုင်
ကြား ဖြစ်ခဲ့တာက appa တို့ကို ရှာပြီး သတ်ပစ်မည်ဆို
တဲ့ ခြိမ်းခြောက်မှုနဲ့ အတူ ကျောင်းဆက်မထားတော့ဘူး
ဆိုပြီး ရာဇသံပေးခဲ့တဲ့ လူယုတ်မာ Jeon Yoo Ahh
ကြောင့် ..

သံထည်ပစ္စည်းတွေက ကြာကြာ ထုရိုက်လေ မာကျော
လာကာ အကြမ်းခံလေပဲမို့ ကျနော့်ရဲ့ စိတ်တွေကလဲ
ဖိနှိပ်ခံရတဲ့ အကြိမ်ပေါင်းများလာတာနှင့်အမျှ ကြံခိုင် သန်မာလာခဲ့သည်။

ငိုကြွေးဖို့ မျက်ရည်တွေ မရှိတော့သလို ရယ်ပြုံးဖို့လဲ
ခက်ခဲသွားခဲ့ရပေမယ့်ပေါ့ ..

အခုချိန်မှာ သူ့ကို ရင်ဆိုင် လက်တုံ့ပြန်ဖို့ လုံလောက်တဲ့
အင်အား မရှိသေးတာမို့ အဆပေါင်းများစွာ တိုးလာခဲ့
တဲ့ အမုန်းတွေ ၊ နာကျည်းမှုတွေကိုပဲ စားသုံးနေခဲ့ရင်း
အချိန်ကောင်း တစ်ခုကို အမြဲစောင့်နေခဲ့တယ် ..

အချိန်မရွေး သတ်ပစ်ဖို့ နည်းလမ်း ရှာခဲ့ပေမယ့် အခု
ထိတော့ အကြံအစည် မှန်သမျှ မအောင်မြင်ခဲ့ဘူး ..

စိတ်ကူးနဲ့တော့ ဒီလူကြီးကို အကြိမ်ပေါင်းများစွာ သတ်
ပစ်ခဲ့သလို ကျနော့် အိမ်မက်တွေထဲက တစ်ခုက ဒီလူ့ကို သတ်ပစ်ဖို့ပါ ဖြစ်လာခဲ့တာ ..

တနေ့နေ့မှာ Jeon Yoo Ahh က ကျနော့်လက်နဲ့ သေကို
သေရမယ့်သူ ..

•~~•

ရွှေဝါရောင် လယ်ကွင်းတွေဆီ စက်ဘီး အတူ စီးခဲ့ကြ
ပြီး အရိပ်ကောင်းကောင်း ရသည့် ဝက်သစ်ချပင်ကြီး
အောက်တွင် ဂျောင်ကုနဲ့ ကျနော် အမောဖြေဖို့ ထိုင်ခဲ့
ကြသည်။

ရောက်တတ်ရာရာ စကားတွေအား တရစပ်ပြောကာ
ပြုံးရွှင်နေတဲ့ သူ့မျက်နှာလေးကို ငေးကြည့်နေမိရင်း

ဖြစ်ပေါ်လာသည့် အမည်မသိ လှိုင်းလေးများသည် တည်ငြိမ်နေသော ကျနော့် ကောင်းကင်အတွက် မိုးကြိုး
မုန်တိုင်းများလို ကြောက်မက်ဖွယ်ရာ ကောင်းနေလျက်

Fake Where stories live. Discover now