{ 0•12 }

472 115 14
                                    

Present Time :: Osaka , Japan

ရေချိုးခန်းထဲက ထွက်လာတာနဲ့ တတီတီ မြည်နေတဲ့
ဖုန်းအား contact မကြည့်ပဲ ကောက်ကိုင်လိုက်သော
ဆော့ဂျင်သည် ညနေက အိုဆာကာ လမ်းမတွေထက်
ပြေးလွှားခဲ့ခြင်းကြောင့် အနည်းငယ် ပင်ပန်းနေဟန် ..

" အင်း .. ထယ်ယောင်းပြော .. !! "

ဒီအချိန် သူ့ဆီ ဖုန်းဆက်မယ့် လူက ထယ်ယောင်းက
လွဲပြီး မရှိတာမို့ နာမည်တပ်ပြီး ဖြေလိုက်တော့ ..

သူ့နားထဲ ဝင်လာသည့် ဩရှရှ အသံလေးက အားမရှိ
သယောင် ဖျော့တော့လျက်ပင် ..

- " မင်း .. အခု ဘယ်မှာလဲ ?! "

" hotel မှာလေ .. "

- " တစ်ယောက်တည်းလား ?! "

အသက်ရှူကြပ်နေသလို ထယ်ယောင်း အသံကြောင့်
ဟက်ခနဲ တချက်ရယ်မိတယ် ..

သူ ဘာတွေ တွေးနေလဲ ကျနော် သိနေတယ်လေ ..

" အင်း .. အခုထိတော့ တစ်ယောက်တည်းပဲ .. "

- " ဒါဆို .. jungkook နဲ့ မတွေ့ရသေးဘူးပေါ့ ?! "

" ညနေကတော့ ခဏတွေ့ပြီးပြီ .. စကားတောင်
သေချာ မပြောရသေးပါဘူး .. သူ့နောက်ကို ပါပါရာဇီ
တွေ လိုက်လာလို့ .. hotel ပြန်လာခဲ့ရတာ .. "

ဖုန်း speaker ဖွင့်ပြောနေရင်း ခွက်ထဲသို့ Ram တချို့
ထည့်ကာ ရေခဲစိမ်ထားလိုက်သည်။

ထိုစဉ် တဖက်က သာလိကာလေးမှာ ခဏမျှ ငြိမ်သက်
သွားခဲ့ပြီးနောက် ချောင်းလေးဟန့်ကာ စကားပြန်စလာ၏။

- " ငါ မနက်ဖြန် မင်းဆီကို လိုက်လာခဲ့ မလားလို့ ?! "

ထိုစကားကြောင့် သူ ပြုံးမိသည်။ အခုလို စိတ်ပူပြီး
ပြောပေးတဲ့ စကားလေးတွေက သူ့မှာ မိသားစု ရှိသေးကြောင်း အမှတ်ရစေတဲ့ တစ်ခုထဲသော အကြောင်းရင်း
ဖြစ်လို့ ..

ဒါကြောင့် ထယ်ယောင်းအား မိသားစုဝင် တစ်ယောက်
အဖြစ် တန်ဖိုးထားသလို ညီအကို တစ်ယောက်လိုပါ
သံယောစဉ်ရှိရသည်။

Fake Where stories live. Discover now