အလွတ်ရနေပြီးသားအခန်းထဲသို့ မီးအလင်းရောင်မရှိသည့်တိုင် ခပ်ဖွဖွခြေလှမ်းတို့ဖြင့် ကျွမ်းကျင်စွာဝင်ရောက်လာခဲ့သည်။
အရင်ဆုံး လုပ်နေကျအတိုင်း အေးစိမ့်နေအောင်ဖွင့်ထားသော လေအေးပေးစက်ကဂဏန်းတွေကို အတိုးအလျှော့လုပ်ရသည်။
ရိုက်ကွင်းကတန်းလာခဲ့တာမို့ ပါလာတဲ့အဝတ်အစားအိတ်နဲ့ပစ္စည်းအချို့ကိုအဆင်ပြေသလိုနေရာချပြီးနောက် ကျဉ်းကြပ်လွန်းသော အင်္ကျီအဝတ်အစားတို့ကို ခပ်မြန်မြန်ချွတ်ချပစ်လိုက်ကာ သက်တောင့်သက်သာရှိစေသော စောင်ပုံလေးထဲသို့တိုးဝင်သွားလိုက်သည်။
စောင်အောက်မှာအပြည့်ကွေးဝင်နေတဲ့ကိုယ်ငယ်လေးက အေးစက်စက်ရင်ခွင်သားနဲ့ ထိတွေ့လိုက်ရလို့လားမသိ အနည်းငယ်တွန့်သွားသည်။ တွန့်သွားသည့်တိုင် နိုးတော့မနိုးတာကြောင့် အပြည့်အဝအုပ်မိုးထားရင်းက လည်ကုပ်သားလေးကို ဖိကပ်နမ်းလိုက်သည်။ ဆံစလေးတွေထဲအထိ ကိုယ့်စိတ်တိုင်းကျ တိုးဝှေ့ရှူရှိုက်ပြီးတဲ့အခါတွင်တော့ ပင်ပန်းတယ်ဆိုတာဘာမှန်းတောင်မသိတော့။
Hyung ကိုယ်တိုင်မပြောနဲ့ Hyung ရဲ့ကိုယ်သင်းရနံ့လေးကိုတောင် Kim Taehyung ကအဲ့လိုရူးရသည်။ ဘာအနံ့တွေများအဲ့လောက်မွှေးနေလို့လဲဆိုရင် Hyung ရဲ့ကိုယ်ပိုင်အနံ့လေးမို့လို့ ဘာနဲ့မှနှိုင်းပြစရာတောင်မရှိပါ။ Hyung ဖြစ်နေလို့ကိုမွှေးနေတာလို့ပြောလို့ရသည်။
" ပြန်ရောက်ရင်လည်းအိပ်လေကွာ...လိုက်တိုးမနေနဲ့ "
အိပ်ရေးမဝရင်စိတ်တိုတတ်တယ်.. ဗိုက်ဆာနေရင်စိတ်မရှည်ဘူး.. အတင်းလိုက်ကပ်ရင်တစက်မှမကြိုက်ဘူး..မကြိုက်တာကိုအတင်းလုပ်ခံရရင် ကြောင်ကလေးလိုကုတ်ခြစ်တွန်းကန်ပစ်ဖို့လည်းဝန်မလေးဘူး။ Min Yoongi အကြောင်းသင်ရိုးညွှန်းတမ်းတွေကို ၂ နှစ်စာကျေညက်ခဲ့ပြီးသားဖြစ်ပေမယ့်လည်း အမှားကောင်းလေးတွေပဲရွေးရွေးလုပ်ကာ Kim Taehyung ကစာမေးပွဲအကျခံနေတုန်းပါ။
" ကိုယ့်ကိုမလွမ်းဘူးလား Min PD လေး "
" မလွမ်းဘူး "
နှစ်ပတ်လောက်ကြာပြီးမှ ပြန်တွေ့ရတဲ့ချစ်သူကို ပြောလိုက်မှဖြင့် အခုလိုနင့်နင့်သီးသီးပဲဆိုလည်း ဒီကကောင်က ရင်မနာတတ်တဲ့အပြင် ရင်တွေပိုပိုခုန်သွားလို့ခက်ရတယ်။
ВЫ ЧИТАЕТЕ
I hate that ' I love you '
Фанфикшнကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
