" Tae....Taehyung သတိပြန်လည်လာတယ် မြန်မြန် မြန်မြန်လာခဲ့ ကြောင်ပေါက် "
အရောင်မျိုးစုံကို ဖြတ်ကျော်ခဲ့ပြီးနောက် အပြာနုရောင် လူနာဝတ်စုံလေးရဲ့နံဘေးသို့ Min PD ရောက်လာခဲ့သည်။ သို့သော် သတိပြန်လည်လာသည်ဆိုသော အပြာနုရောင်လေးက မျက်လုံးတွေ မှိတ်ထားသည်ကိုသာ တွေ့ရပြန်သည်။
" သတိရပြီဆို ဘယ်လိုဖြစ်တာလဲ "
" ငါလည်းအခုမှ ရောက်လို့ သေချာမသိလိုက်ဘူး... Taehyung အမေပြောတာကတော့ ပြန်အိပ်ပျော်သွားတာတဲ့ ဆရာဝန်က နောက်နှစ်ရက် သုံးရက်လောက်အထိ ဒီလိုပဲ ဖြစ်နေဦးမယ်လို့ပြောတယ် "
" အင်း "
" အရေးကြီးတာကတော့ ကိုမာဆိုတာကြီးကို ကျော်ဖြတ်နိုင်ပြီကွာ...ပင်ပန်းသွားပြီ ကြောင်ပေါက်ရေ ဒါတွေအားလုံးက သူ့အနားမှာမင်းရှိနေပေးလို့ပါ "
Min PD က ခေါင်းကို ခပ်လေးလေးခါရမ်းလိုက်သည်။ ပြီးတော့ မင်းသားရဲ့ နဖူးပြင်လေးကို အညင်သာဆုံး တို့ထိကြည့်လိုက်သည်။
" ကျေးဇူးတင်ပါတယ် Tae.. "
Boss Jin က Min PD ရဲ့ပခုံးတစ်ဖက်ကို အားပေးတဲ့အနေနဲ့ ဖြစ်ညှစ်လိုက်သည်။ ပြီးနောက် မှန်တံခါးရဲ့တစ်ဖက်တွင် တစ်စုံတစ်ယောက် ရှိနေလောက်မယ့် ဘက်အခြမ်းကို လှမ်းကြည့်လိုက်သည်။
" ခဏနော် ကြောင်ပေါက် "
Boss Jin ထင်သည့်အတိုင်းပင် Hoseok က တံခါးအပြင်ဘက်တွင် ရပ်နေပြီး အထဲကို လှမ်းကြည့်လို့နေလေသည်။
" ဝင်ခဲ့တာမဟုတ်ဘူး Jung PD ရာ "
" နေပါစေဗျာ "
Taehyung ဆေးရုံစတက်ရကတည်းက Min PD က အနီးကပ်ရှိနေပေးခဲ့သည်ဆိုလျှင် Jung PD ကလည်း Min PD နဲ့ထပ်တူ ခပ်လှမ်းလှမ်းမှာရှိနေပေးခဲ့ပါသည်။ Boss Jin က Min PD ကို ပေါ်ပေါ်ထင်ထင် အားပေးခဲ့ရသူဆိုလျှင် Jung PD ကိုလည်း လူမသိသူမသိ အားပေးခဲ့ရသူဖြစ်သဖြင့် မင်းသား သတိပြန်လည်လာသည်ကို Jung PD ကိုလည်း သူကိုယ်တိုင်ပင် အကြောင်းကြားခဲ့ပါသည်။
" ဘာလို့ဝင်မတွေ့နိုင်ရတာလဲ "
" ငိုမိလိမ့်မယ်ထင်လို့ပါ "
VOCÊ ESTÁ LENDO
I hate that ' I love you '
Fanficကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021