Part : 29 💘

429 46 12
                                        

မနက်ခင်းရဲ့ သဘာဝအလင်းရောင်တချို့ မျက်‌နှာပေါ်သို့ ခပ်စူးစူးကျရောက်လာချိန်မှ Min PD ရဲ့ မျက်လုံး‌တို့ ပွင့်လာကြသည်။ တစ်ယောက်သောသူကြောင့် တစ်ညလုံး တင်းတင်းကြပ်ကြပ်အဖက်ခံထားရပြီး အိပ်ပျော်ခဲ့ရသည်မို့ ခန္ဓာကိုယ်သည် သိပ်ပြီးတော့ ပေါ့ပေါ့ပါးပါးမရှိနေပါ။

အညောင်းဆန့်ရင်း ဘေးဘီကိုကြည့်ကြည့်သည့်အခါ ဒီအခန်းကျဉ်းလေးထဲမှာ သူတစ်ယောက်တည်းရှိနေသည်။ PD လေးက သူ့ဆံပင်တွေကို ဆွဲဖွနေရင်းက မနေ့ညကအကြောင်းတွေကို တွေးမိသွားသည့်အခါ သူ့ခေါင်းကိုသူ ခပ်နာနာလေးတစ်ချက်ထုလိုက်မိသည်။

မနေ့ညက သူစိတ်အခြေအနေသည် တကယ်ကိုထိန်းသိမ်းလို့မရခဲ့။ ကြားနှင့်ပြီးသားစကားတို့က အလွန်အကျွံဖြစ်ခဲ့ပြီမလို့ သူဘာပြောပြောမမှုတော့သော မင်းသားကောင်လေးသည် သူကိုဆင်ခြင်နိုင်စွမ်းမဲ့စေခဲ့ပါသည်။ ပြန်တွေ့ရရုံနဲ့တင် ခံစားချက်မျိုးစုံဖြင့် လှိုက်မောစေခဲ့သူရဲ့ ရင်ခွင်ထဲကို ပြန်ရောက်ရသည့်အခါ ယိုင်နဲ့နေပြီးဖြစ်သော သူ့ရဲ့ခံနိုင်ရည်အားတို့သည် အလဲလဲအကွဲကွဲ။

Kim Taehyung သည် Min Yoongi ဘယ်တုန်းကမှ မစီစဉ်ထားသည့် plan b ဖြစ်ပြီး Min Yoongi ကို ရူးသွပ်အောင် လုပ်နိုင်စွမ်းသည့် တစ်ခုတည်းသော ဖြစ်တည်မှုမျိုးဖြစ်ပါသည်။

တကယ်တမ်းပြောရရင် ဒီကိုမလာခင်ကတည်းက အရာရာကို ကြိုတွေးထားခဲ့သင့်သည်။ ဒါမှမဟုတ် ဒီလိုအခြေအနေမျိုးဖြစ်လာဖို့ တိတ်တဆိတ် မျှော်လင့်ခဲ့မိလားလို့ သူ့ကိုယ်သူလည်း ပြန်မေးကြည့်ဖို့လိုသည်။ သူထွက်ပြေးလာခဲ့တာ သာမန်သဘောထားမတိုက်ဆိုင်လို့၊ စိတ်ဆိုးစိတ်ကောက်လို့မှ မဟုတ်ဘဲလေ။ ညလုံးပေါက် နယ်ကျွံမိသည့် အနမ်းတွေက သူ့ရဲ့အတွေးထဲမှာအပြည့်အသိပ်ဖြစ်နေတဲ့ အရာအားလုံးကို ပြေလည်သွားစေဖို့ဆိုတာကတော့ ဖြစ်နိုင်ချေအလွန်နည်းပါသည်။

" နိုးလာပြီလား Yoongi "

" ဟုတ် ဟုတ်ကဲ့ဆရာမ "

မနေ့ညက သူတို့ဘာဖြစ်ဖြစ် အရိပ်အယောင်လေးဖြင့်တောင် ဝင်ရောက်နှောက်ယှက်ခြင်းမရှိဘဲ အလိုက်တသိရှောင်ပေးခဲ့ကြတဲ့ ဆရာမတို့ကို အားနာစိတ်ကြောင့် PD လေးမှာ စကားပြောရတာမရဲဖြစ်နေမိသည်။

I hate that ' I love you 'Où les histoires vivent. Découvrez maintenant