" အစ်ကိုကြီး ဒီမှာကြည့်ဦး ဒီသစ်ပင်တန်းလေးတွေက လှလိုက်တာ "
Jimin နဲ့ အစ်ကိုကြီး Park တို့ ဗီဒီယိုကောလ်ဖြင့် အဆက်အသွယ်လုပ်နေကြသည်။ Jimin က အစွမ်းကုန်ပြုံးရယ်နေရင်းကမှ သူရောက်နေတဲ့ ပတ်ဝန်းကျင်က အလှအပများဘက်သို့လှည့်ကာ အစ်ကိုကြီး Park ကို ရိုက်ပြနေသည်။
" ဒီည ဘယ်မှာအိပ်ကြမှာလဲ "
" Santorini ကိုပဲ ပြန်ကြမှာ "
" ရာသီဥတုရော "
" နည်းနည်းတော့ အေးနေတယ် မနေ့ညက မိုးရွာထားလို့ "
ဖုန်းကိုကြည့်နေရင်းမှ အစ်ကိုကြီး Park က သူ့ရုံးခန်းရဲ့ အဝင်ပေါက်ဆီသို့ လှမ်းကြည့်ပြီး ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။
" မနက်ဖြန်က စမှာမလား camping က "
" ဟုတ်တယ်အစ်ကိုကြီး နောက်သုံးရက်လောက်ထိ အဆက်အသွယ်မရလောက်တော့ဘူးထင်တယ် "
" ကောင်းပြီ ကောင်းပြီ ကောင်းကောင်းပျော်ခဲ့ကြ Namjoon ကိုလည်း ပြောလိုက်ဦး "
" ဟုတ်ကဲ့ "
ဖုန်းချပြီးသည်နှင့် ခုနကပြုံးရယ်နေတဲ့ Jimin ရဲ့မျက်နှာလေးက ချက်ချင်းပင် ပကတိအနေအထားအတိုင်း ပြန်ဖြစ်လို့သွားသည်။ သိပ်ကိုရိုးရှင်းစွာ လှပနေတဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို ငေးကြည့်လိုက်ရင်းက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ အဲ့ဒီသဘာဝပတ်ဝန်းကျင်နဲ့ တသားတည်းလိုက်လျောညီထွေမှုရှိနေတဲ့ ခပ်လှမ်းလှမ်းက သူ့ရဲ့အသစ်စက်စက်အုပ်ထိိန်းသူကို လှမ်းကြည့်မိတဲ့အခါတွင်တော့ နည်းနည်းပြုံးမိသွားသည်။
" လိုက်ဖက်တယ် တကယ်ကိုပဲ "
အရင်တုန်းကတော့ Jimin က အစ်ကိုကြီး Park ရဲ့ ဘက်တော်သားတစ်ယောက်အနေဖြင့် ဒါရိုက်တာကြီးကို အမြင်မကြည်လင်မှုတွေရှိခဲ့သော်လည်း အခုနောက်ပိုင်း အတူတူရှိရတဲ့အချိန်တွေများလာလေ ဒါရိုက်တာကြီးက လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်ဆိုတာကို ပိုသိလာရလေဖြစ်သည်။
ဒါပေမဲ့ အဲ့လိုလူကြီးလူကောင်းတစ်ယောက်အတွက် ကလေးဆန်တဲ့သူက ဘယ်တော့မှ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်နိုင်မှာ မဟုတ်ဘူးလို့လည်း သူအမြဲတွေးမိသည်။ ပြီးတော့ လွန်ခဲ့တဲ့ရက်တွေက သူရဲ့လုပ်ရပ်တချို့ကို ပြန်တွေးမိတိုင်း သူ့တစ်ကိုယ်လုံး ပူရှိန်းသွားရတတ်သည်။
YOU ARE READING
I hate that ' I love you '
Fanfictionကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021