Part : 10 💘

481 54 6
                                        

" 10...9...8...7...6...5...4...3...2...1 "

" HAPPY NEW YEAR!!!! "

နှစ်တစ်နှစ်ကုန်ခါနီးမှ တစ်ခါလောက်ဖွင့်ဖြစ်လေ့ရှိသော တီဗီကြီးဆီကနေ ကျယ်လောင်စွာထွက်ပေါ်လာနေသော countdown အသံ။ နောက်ထပ်နှစ်သစ်တစ်ခုကို ကူးပြောင်းသွားပြန်ပါပြီ။

နှစ်သစ်ကို လူတိုင်းက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ကြိုဆိုနေကြသလို ကျနော်တို့ကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုဆိုပါသည်။ ဝိုင်တစ်ခွက်လို ချိုရှရှအနမ်းလေးတွေကို နှစ်ဟောင်းကနေ နှစ်သစ်အထိ အဆက်မပြတ်စေဘဲ ခေါ်ဆောင်ပေးသွားနေရတာမို့လို့ ကျွန်တော်တို့ ကြိုဆိုပုံက နည်းနည်းတော့ အလုပ်ရှုပ်ပါသည်။

" ချစ်တယ် ကိုယ့် PD လေး...ကိုယ်သိပ်ချစ်တာပဲ "

ဖူးကြွစိုစွတ်နေတဲ့နှုတ်ခမ်းလေးနဲ့ မချိုမချဉ်လေးသာ ပြန်ပြုံးပြနေတဲ့ Hyung ဟာ ဒီနေ့မှာ ပွဲတက်ပြီးယူရမယ့် ဆုတွေအားလုံးနဲ့ လဲဖို့ရာ ထိုက်တန်လွန်းပါသည်။

" တစ်ခေါက်လောက်ပြန်ပြောပါဦး...ကိုယ့်အချစ်က သိပ်ဈေးကိုင်တာပဲ "

" ဘာပြောရမှာလဲ "

" ချစ်တယ်လို့...Kim Taehyung ကို Min Yoongi ကလည်း သိပ်ချစ်... "

အရင်က ရှောင်ထွက်တာကျ မချစ်ဘူးဟာဆိုပြီး တွန်းလွှတ်ပစ်တာမျိုး။ အခုကျတော့ ရင်ဘတ်ပေါ်က အင်္ကျီစကိုဆွဲဆောင့်ပြီး နှုတ်ခမ်း‌တွေထဲတိုး၀င်လာတာမျိုး။ အခုလို ရှောင်ထွက်နည်းက ရင်ခုန်ရပေမဲ့ ချစ်တယ်ဆိုတာလေးကို ထပ်ကြားရရင်တော့ ဒီထက်အဆတစ်ရာလောက် ပိုပြီးရင်ခုန်မိမယ်ထင်သည်။

Min PD လေးရဲ့ ချစ်တယ် ဆိုတာ သိပ်ကိုဈေးကြီးပါသည်။ ဒီတော့လည်း မူးမူးနဲ့ တစ်ခါကြားလိုက်ရတာလေးကိုပဲ ကျနော့်မှာ တသသဖြစ်နေရသည်။

" အွန်းး Hyung....နှစ်ဟောင်းဖြစ်ဖြစ် နှစ်သစ်ဖြစ်ဖြစ် ကိုယ့်အနားမှာပဲနေနော် "

ဖြူဖွေးကျော့ရှင်းနေတဲ့ လည်တိုင်လေးကို အနီရောင်ခြယ်ပေးနေရင်း ပြောလိုက်တော့ ညင်ညင်သာသာခေါင်းငြိမ့်ပြလာသည့် လှုပ်ရှားမှုလေးက ကျနော့်ဆံသားတွေဆီ လာရောက်ထိခတ်သည်။

I hate that ' I love you 'Where stories live. Discover now