Part : 5 💘

470 52 14
                                    

" ကိုယ်ပြန်ရောက်ပြီ "

အသံအကျယ်ကြီးပေးကာ ဝင်လာခဲ့ရင်း Hyung ကိုတွေ့တာနဲ့ ပြေးဖက်ထားလိုက်မိတာ မသိရင် နှစ်ပေါင်းများစွာဝေးကွာနေတဲ့ ချစ်သူနှစ်ဦး ပြန်ဆုံကြတဲ့ မြင်ကွင်းမျိုးနဲ့တောင် ခပ်ဆင်ဆင်ဖြစ်သွားသည်။ နှစ်ပေါင်းများစွာမဟုတ်ပေမယ့် ကျနော်တို့လည်း မှန်းထားတာထက်တော့ အချိန်ပိုကြာအောင် ခွဲနေခဲ့ရပါသည်။

Hyung ကိုကားမောင်းပြီး ပြန်ခဲ့မယ်လို့ ပြောထားသော မနက်ခင်းမှာ ရိုက်ကွင်းကိစ္စတွေက မပြီးပြတ်တာကြောင့် နောက် ၃ ရက်ကြာအောင် ထပ်နေလိုက်ရသည်။ အဲ့ဒါကြောင့် အခုအားလုံးပြီးတာနဲ့ မနားဘဲ တန်းပြန်လာပြီး Hyung ကို ရင်ခွင်ထဲထည့်ထားလိုက်မှပဲ အမောတွေအားလုံး ပြေပျောက်သွားရတော့သည်။

" လွမ်းလိုက်တာ လွမ်းလိုက်တာ လွမ်းလိုက်တာ..လွမ်းလိုက်ရတာကွာ "

ပါးဖောင်းဖောင်းလေးထဲကို နစ်နေအောင်နမ်းရှိုက်ရင်းပြောလိုက်တော့ ကြောင်ကလေးက မျက်စောင်းထိုးကြည့်လာသည်။

" ကားကို ဘယ်လောက်တောင် မြန်မြန်မောင်းလာတာလဲ "

" မမြန်ပါဘူး....ကိုယ်မနားဘဲမောင်းလာလို့...ပင်ပန်းလိုက်တာအချစ်ရယ် အခုမှပဲ အမောပြေသွားတော့တယ် "

" ရေသွားချိုးလိုက်ဦး...ည‌နေစာချက်ထားတယ် "

" နေပါဦး ၁၀ မိနစ်ပဲ မဟုတ်ဘူး ၁၅ မိနစ်...ကိုယ့်ကလေးလေးကို ခဏဖက်ထားပါရစေဦး "

" ဘာကလေးလဲ မင်းဟာကလွန်လာပြီ"

" မရဘူး ဒီလောက်ချစ်ဖို့ကောင်းနေပြီးမှ ကလေးလေး မလုပ်ချင်လို့မရဘူး လုပ်ရမှာပဲ "

လည်ကုပ်သား‌လေးဆီ ကျနော်ကခေါင်းကို အတင်းတိုးဝှေ့ပြီးပြောတော့ ပါးဖောင်းဖောင်းလေးမှာ ရှက်သွေးလွှမ်းသွားတော့မှာအသေအချာပင်။

" ငါ studio ပြန်သွားရဦးမယ် "

" ကိုယ်လည်းလိုက်မယ်လေ...ကိုယ်လည်းလိုက်ချင်တယ်...နော် "

" ဘာလိုက်လုပ်မှာလဲ "

" ဒီအတိုင်းပဲ ကိုယ့် PD လေးနားကပ်‌နေမလို့ပေါ့ "

I hate that ' I love you 'Dove le storie prendono vita. Scoprilo ora