Part : 30 💘

1K 59 25
                                        

အေးစက်ထုံကျင်စေတဲ့ နှင်းစက်တို့ တဖြည်းဖြည်း လွင့်ပြယ်စပြုလာတဲ့ နေ့ရက်တွေလို့ပြောရမလား။ ဒီရက်ပိုင်းတွေက နေရောင်ခြည်ရဲ့နွေးထွေးဓာတ်ကို ပြန်လည်ခံစားလိုက်ရသလို လုံခြုံနွေးထွေးစေနေသည်။

" ဆရာဝန်နဲ့ချိန်းထားတာ ညနေပိုင်းကို ရွှေ့လိုက်တယ် Tae "

" မနက်ပိုင်းမှာ ကိစ္စတစ်ခုရှိလို့ "

" Jungkook နဲ့အတူတူလာမှာနော် မင်းဒုက္ခမရှာနဲ့ "

" ပြောပြီးပြီ ဒါပဲနော် Tae ဘာမှရိုက်မနေနဲ့ "

လာကြိုဖို့အတွက် ကားလွှတ်လိုက်မယ်ဟု ရိုက်နေသော စာကြောင်းတို့သည် တစ်ဝက်တစ်ပျက် အနေအထားမှာတင်ရပ်သွားကြရသည်။ ဒီလိုအချိန်ဆို ချစ်ရသော ကြောက်ရသော အနိုင်မယူရက်သောလေးအတွက် ပြန်ပြောစရာမှာ တစ်ခွန်းသာရှိပါသည်။

" ဟုတ်ကဲ့ပါခင်ဗျာ "

" မနက်ပိုင်းကိစ္စက ဟိုကိစ္စလား "

" အင်း ဟုတ်တယ် Tae အပြတ်ဖြတ်လိုက်တော့မယ် "

PD လေးက ပြောင်းလဲဖို့အတွက် နောက်တစ်မျိုးပြောရမယ်ဆို အရင်အတိုင်း ပြန်ဖြစ်ဖို့အတွက် ကြိုးစားနေရှာသည်။ အရင်က ငိုခဲ့ရတဲ့‌နေ့တွေအစား အခု အတိုးချပြီး စိတ်ချမ်းသာနေရပါသောရက်စွဲ‌တွေသည် လွယ်လွယ်နဲ့ဖြစ်လာခဲ့ခြင်းတော့မဟုတ်ပေ။ များစွာသော ရန်ပွဲတွေကို ကျော်ဖြတ်ပြီးနောက် များစွာသောညှိုနှိုင်းမှုတွေကို ကျနော်တို့လုပ်ခဲ့ကြရသည်။

အဲ့လိုညှိုနှိုင်းခဲ့ရခြင်းတွေထဲမှာ အခက်အခဲဆုံးက PD လေး Seoul မြို့ပေါ်ကို ပြန်ပြောင်းလာဖို့နဲ့ ရှဲဒိုး producer အလုပ်ကနေ ရပ်စဲလိုက်ဖို့ဖြစ်ခဲ့သည်။ အခုထက်ထိ PD လေးကို အိမ်‌ပြန်ခေါ်နိုင်ဖို့မှာ မအောင်မြင်သေးသော်လည်း ရှဲဒိုး producer အလုပ်ကနေ ရပ်လိုက်ဖို့ ကိစ္စကတော့ ဒီနေ့ဖြစ်လာတော့မည်ဖြစ်သည်။

" Jungkook အိမ်ပြောင်း‌ဖို့ လိုအပ်တာတွေ ငါလိုက်ကြည့်ပေးမလို့ ဆေးရုံကအပြန် အဲ့ဒါဆက်သွားဦးမယ် "

" ဟုတ်လား ကိုယ်ဘာကူညီပေးရဦးမလဲ "

တစ်ချိန်က စိတ်ထဲမတင်မကျဖြစ်ခဲ့ဖူးသော ‌Jungkook သည် PD လေးနဲ့ ဒီလိုအခြေအနေမျိုး ပြန်ရောက်နိုင်ဖို့အတွက် အထောက်အပံ့များစွာ ဖြစ်စေခဲ့သူမို့ အခုတော့ စိတ်ရှင်းသည်ထက်တောင်ပိုပါသေးသည်။ အိမ်ပြန်ဖို့ ခေါ်မရသေးသော PD လေးဆီ ကျနော်က အချိန်ရှိလေတိုင်း သွားနေတာကြောင့် အမြဲရှောင်ရှောင်ပေးနေရသော Jungkook ကနောက်ဆုံးတော့ ဆိုးလ်မြို့သို့ ပြန်ပြောင်းနေဖို့ ဆုံးဖြတ်ခဲ့ပါသည်။

I hate that ' I love you 'Место, где живут истории. Откройте их для себя