Part : 2 💘

646 72 16
                                    

" Yoongi ချစ်တယ် "

" ချစ်တယ်လို့ "

" ချစ်တယ်လို့ဆို "

" အင်း အင်း "

နှစ်ယောက်စလုံးအလုပ်‌နားရက် ရှားရှားပါးပါးတိုက်ဆိုင်တဲ့ ဒီလိုနေ့မျိုးဆို Kim Taehyung တို့ မျက်လုံးပွင့်တာနဲ့ အချစ်တွေပါတစ်ခါထဲပွင့်ထွက်လာတော့တာပါပဲ။

" အင်းပဲမရဘူး ကိုယ့်ကိုရော ချစ်လား "

" ချစ်လား ချစ်လား ချစ်လား "

" လွှတ် ကွာာာာ "

ကြောင်ကလေးက အိပ်ရေးမ၀သေးဘူးဆိုတာကို သိသော်လည်း အိပ်တာတောင် အသည်းယားစရာကောင်းအောင် အိပ်နေတတ်တော့ ကျနော်ဖျစ်ညှစ်ထားမိတာ ဘယ်လိုလုပ်လွန်မှာလဲ။

" ချစ်တယ်လို့ပြော ပြောရင်လွှတ်ပေးမယ် "

" မချစ်ဘူးဟာ "

" အဲ့ဒါဆိုမလွှတ်စေချင်တာပေါ့..အဖက်ခံချင်လို့ လူလည်ကျတယ် ကြည့်စမ်း "

" Kim Taehyung !!! "

" အား ကိုယ့်နားကန်းပြီလားမသိဘူး..ကိုယ့်အချစ်ကလေ PD လုပ်ရမှာမဟုတ်ဘူး..Rocker လုပ်ရမှာ "

" ငါ့ရှားရှားပါးပါးပိတ်ရက်မှာ အိပ်ကောင်းခြင်းမအိပ်ရဘူး..မင်းအိမ်မင်းပြန်တော့ သွားးး ... ငါ password ပြောင်းပစ်မှာ...မင်းမသိအောင် အိမ်ပါပြောင်းပစ်မှာာ ဖယ် ဖယ်စမ်း အသက်ရှူကြပ်တယ် "

" Rocker မဟုတ်ဘဲ Rapper လုပ်သင့်တာများလား "

" Kim Taehyungggg !!!!!! "

တွန်းတယ် ကန်တယ် ကုတ်ဖဲ့တယ်..ဒီကလည်း ဖက်တယ် တိုးဖက်တယ် အတင်းချုပ်ဖက်တယ်

ရှိသမျှအားအကုန်သုံးလည်း Kim Taehyung ရဲ့ ရင်ခွင်ထဲက ထွက်မသွားနိုင်အောင် Hyung ကို သေးသေးလေးဖန်တီးပေးခဲ့ကြတဲ့ ဖန်ဆင်းရှင်အပေါင်းကို နေ့တိုင်းနေ့တိုင်း ကျေးဇူးတွေတင်နေရပါသည်။

" တင်န်းတောင် တင်န်းတောင် "

" ဟင် တံခါးခေါက်သံလား..ဒီအချိန်ကြီး ဘယ်သူလာဖို့ရှိလို့လဲ "

" မသိဘူး မင်းလုပ်ထားတာ မင်းသွားဖွင့် "

ပြန်အိပ်ဖို့အတွက် အခွင့်ကောင်းရသွားသူက အတင်းတွန်းလွှတ်တော့ မထချင်ထချင်နဲ့ ထရတော့သည်။

I hate that ' I love you 'Donde viven las historias. Descúbrelo ahora