Part : 14 💘

391 48 16
                                        

" ဂျပန်နိုင်ငံမှာ ချစ်သူနဲ့ချိန်းတွေ့နေတဲ့ မင်းသား K "

" Tokyo Tower ရှေ့က အချစ်ငှက်လေးနှစ်ကောင် "

" မင်းသား K ရဲ့ချစ်သူက တကယ်ပဲ ယောကျာ်းလေးတစ်ယောက်လား??? "

" မင်းသား K ရဲ့ ချစ်သူက အနုပညာလောကထဲကပဲလား??? "

" Jin hyung!!! ဒီမှာကြည့်ဦး "

‌လေယာဉ်ပေါ်ကဆင်းဆင်းခြင်း ကြိုဆို‌နေတဲ့ သတင်းတွေကြောင့် Boss Jin ခေါင်းနပန်းကြီးသွားရသည်။ သတင်းထောက်နာမည်ကို ကြည့်လိုက်တော့ ဂျပန်နိုင်ငံမှာရောက်နေတဲ့ ကိုရီးယားသတင်းထောက်။ အရင်က မင်းသားရဲ့အကြောင်းတွေကို တစ်ခါမှ သတင်းမလိုက်ခဲ့ဖူး‌တဲ့သူက ဒါရိုက်တာ ဟီရိုစုကြောင့် မင်းသားကို စိတ်၀င်တစားရှိသွားပုံရသည်။

" ဒီပုံအတိုင်းဆို လေဆိပ်ကထွက်ဖို့တောင်ခက်မယ် Boss Jin "

" အေး အရင်ဆုံး Taehyung နဲ့ Min PD နဲ့ လုံး၀ တွဲထွက်လို့မဖြစ်ဘူး "

" ဟုတ်ကဲ့ "

" သူတို့နှစ်ယောက်လေယာဉ်က ဘယ်တော့ဆိုက်မှာလဲ? "

" နောက်နာရီ၀က်လောက်နေရင် ရောက်မယ်ထင်တယ် "

" အေး အဲ့ဒါဆို ငါတို့လည်း ဒီမှာပဲစောင့်မယ် "

Boss Jin က မင်းသားတို့နဲ့ လေယာဉ်တစ်စီးထဲ အတူတူမစီးခဲ့မိတာကိုပဲ ကျေးဇူးတင်ရတော့သည်။ လေဆိပ်ထဲရောက်တာနဲ့ ဖုန်းကိုဦးအောင်ကြည့်တဲ့ ညီဖြစ်သူကိုလည်း ကျေးဇူးတင်ရသေးသည်။

" အဆင်ပြေပါ့မလား Jin Hyung "

စိုးရိမ်တကြီးမေးလာတဲ့ Jimin ကို Boss Jin က ခေါင်းငြိမ့်ပြလိုက်သည်။ သုံးနှစ်လောက်ကြာအောင်တောင် သူသေချာကိုင်တွယ်ဖြေရှင်းထားနိုင်တဲ့ကိစ္စက တစ်ခါလေး လစ်ဟင်းသွားရုံနဲ့ ကမောက်ကမတွေ ဖြစ်သွားရမှာမျိုးကို သူအဖြစ်မခံနိုင်ပါ။

" Jimin...ဒီမှာပဲ Min PD နဲ့နေခဲ့ပေးလိုက်...မင်းတို့နှစ်ယောက်လုံးကို Namjoon လာခေါ်ပေးလိမ့်မယ် "

" ရတယ် Hyung "

Boss Jin ရော သူ့ဘေးကလူပါ တစ်ယောက်ဖုန်းတစ်လုံးစီဖြင့် အလုပ်ရှုပ်နေစဉ် Jimin ရဲ့ ဖုန်းကိုလည်း Jungkook ရဲ့ ဖုန်း၀င်လာသည်။

I hate that ' I love you 'Место, где живут истории. Откройте их для себя