Part : 16 💘

360 54 28
                                    

" JK ရဲ့ နောက်ကွယ်မှာ ရွှေလက်ပိုင်ရှင်နှစ်ယောက် ရှိနေတယ်ဆိုတဲ့ သတင်းတွေရှိပါတယ်...အဲ့တာနဲ့ပတ်သက်ပြီးပြောပြပေးပါဦး "

တဖျပ်ဖျပ်‌ လင်းလက်သွားသော ကင်မရာမီးအလင်းရောင်များကြားတွင် မျက်နှာသစ်အဆိုတော် JK တစ်ဖြစ်လဲ Jungkook က တည်ငြိမ်စွာ ပြုံးလိုက်သည်။

" ဟုတ်ပါတယ်ဗျ...သူတို့ကြောင့်သာမဟုတ်ရင် အခုမြင်နေရတဲ့ JK ဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး "

" ပထမဆုံးထုတ်ခဲ့တဲ့သီချင်းက မထင်ထားတဲ့အောင်မြင်မှုတွေ ယူလာပေးတဲ့အပေါ်ရော ဘယ်လိုခံစားရပါသလဲ? "

ရှေ့မှာမေးခဲ့သမျှမေးခွန်းတွေနဲ့ ဆင်တူလှသည့် မေးခွန်းတွေကို Jungkook က ကျင့်သားရနေပြီးသားအတိုင်း လိမ္မာကျွမ်းကျင်စွာပင် ပြန်ဖြေလိုက်သည်။

mainstream ပေါ်မရောက်နိုင်လောက်သေးဘူးဟုသာ ယူဆကာထုတ်ခဲ့သော သူ့ရဲ့ပထမဆုံးသီချင်းသည် ထင်ထားတာထက်‌ပိုတဲ့ အောင်မြင်မှုတွေကို Jungkook ဆီယူဆောင်လာပေးခဲ့သည်။ ထို့ကြောင့် သေချာပေါက် mainstream ပေါ်ခေါ်သွားပေးမယ်ဆိုသော Min PD ကလည်း သူ့ကတိကို ခပ်မြန်မြန်ပဲ တည်နိုင်ခဲ့သည်။

" ပင်ပန်းနေပြီလား "

အင်တာဗျူးဖြေပြီးပြန်လာတဲ့ Jungkook ကို Min PD က အအေးဘူးတစ်ဘူး ကမ်းပေးရင်း ကြိုဆိုလိုက်သည်။ Jungkook က Min PD ဘေးကခုံမှာခပ်လျှောလျှော၀င်ထိုင်ရင်း သူ့မျက်လုံးတွေကိုမှိတ်လိုက်သည်။

" ပင်ပန်းတယ်....ဒါပေမဲ့လည်း ပျော်တယ် Hyung ရဲ့ "

တောက်တောက်ပပလေးပြုံးရင်း ပြောနေတဲ့ Jungkook ကို Min PD ကကျေနပ်စွာကြည့်နေလိုက်သည်။ ပြီးနောက် ထိုင်နေရာမှ ထထွက်သွားဖို့ လုပ်လိုက်တဲ့အခါ Jungkook က Min PD ရဲ့လက်ကို ကပြာကယာလမ်းဆွဲလိုက်သည်။

" ဘယ်လဲ Hyung ရဲ့ "

" သွားတော့မယ်လေ "

" အိမ်ကိုမလိုက်ဘူးလား "

Min PD က ခေါင်းရမ်းပြသည်။ ဒီနေ့ သူဒီကိုရောက်နေရတာက Jungkook ကြောင့်အပြင် နောက်ထပ်အကြောင်းတစ်ခုကလည်း ရှိသေးသည်လေ။

" ဒီ‌ဟိုတယ်မှာ နောက်တစ်ပွဲလည်း ရှိသေးတယ်လေ "

" အော်...ဟုတ်သားပဲ...မင်းသား Kim Taehyung "

I hate that ' I love you 'Tahanan ng mga kuwento. Tumuklas ngayon