" Jeon Jungkook တဲ့..Minie လေးရဲ့သူငယ်ချင်းပဲ..ငါနဲ့တော့တစ်ခါဆုံဖူးတယ်...ကြောင်ပေါက်နဲ့က Boss Jin ကတစ်ဆင့် သိကြတာလို့ပြောတယ်...Boss Jin ကိုမေးကြည့်ပါလား "
" ဟုတ်လား..အိုကေ Namjoon Hyung..ကျေးဇူး "
အရေးကြုံရင် အပူကပ်စရာဆိုလို့ ဒါရိုက်တာကြီးအပြင် ဘယ်သူများရှိပါဦးမလဲ။ ဒါရိုက်တာကြီးကလည်း မေးစရာဆိုလို့ Jung PD ပဲရှိတာဆိုပေမယ့် ကျနော်ကိုယ်တိုင် Jung PD ကိုမေးရင်ကျတော့ Hyung ရဲ့ သိက္ခာကို ထိခိုက်မှာ စိုးရိမ်ရပါသည်။ ဒီလိုစုံစမ်းတာမျိုးက Hyung ကိုမယုံလို့မဟုတ်ဘဲ ကျနော်ကိုယ်တိုင်ကိုက Hyung နဲ့ ပတ်သက်လာလျှင် အရာရာကိုသိချင်နေတာမျိုးဖြစ်သည်။
" ငါဇာတ်ညွှန်းတစ်ခုပို့ထားတယ်...Boss Jin နဲ့ တွေ့ရင်အဲ့တာလည်းဆွေးနွေးခဲ့ဦး "
" ကျနော် နားဦးမယ်ဗျ ဒါရိုက်တာကြီးရ...အခုတောင် ကြော်ငြာတွေ အများကြီး လက်ခံထားသေးတယ် "
" အေးပါ...ကြိုဖတ်ကြည့်ထားဖို့ပြောတာပါ "
" အိုကေ အိုကေ "
ဖုန်းချပြီးတဲ့နောက် ကျနော့်ဘေးမှာ လစ်ဟာနေတဲ့ အိပ်ယာရဲ့တစ်ဖက်ခြမ်းကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ကျနော်နဲ့ Hyung နဲ့ နှစ်ယောက်အတူတူ နိုးထခွင့်ရတဲ့ မနက်ခင်းတွေဆိုတာ လက်ချိုးရေလို့တောင် ရပါသည်။
အချိန်တော်တော်များများမှာ ကျနော်ကအရင် အစောကြီးထရပြီး ရိုက်ကွင်းသွားဖို့ ပြင်ဆင်ရတတ်သည်။ အဲ့လိုအခါမျိုးဆို အိပ်မောကျနေတဲ့ Hyung ရဲ့ နဖူးပြေပြေလေးကို ခပ်ဖွဖွနမ်းရှိုက်ပြီးမှ သွားတတ်ပေမယ့် အခုလို Hyung ကအရင် သွားရတဲ့အချိန်မျိုးဆိုရင်ရော ဘယ်လိုအပြုအမူမျိုး လုပ်တတ်သလဲဆိုတာကို ကျနော်သိချင်မိပါသည်။
ဒီနေ့လို အားနေတဲ့နေ့မျိုးတွင် ပုံမှန်ဆိုရင် Min PD လေးနောက်ကို လိုက်သွားဖြစ်မယ်ဆိုပေမယ့် အခုတော့ Boss Jin ဆီကို အရင်ဆုံးသွားဖို့သာ ပြင်ဆင်လိုက်တော့သည်။ အပြင်ကိုရောက်တော့ ရာသီဥတုက မပူလွန်းမအေးလွန်းဘဲ လမ်းလျှောက်ထွက်လို့ ကောင်းမယ့်အနေအထားမျိုးဖြစ်နေသည်။
ကျနော့် Hyung က လမ်းလျှောက်ထွက်ရတာကို နှစ်သက်တဲ့သူမျိုးဖြစ်ပေမယ့် ကျနော်က Hyung ရဲ့လက်ကိုတွဲပြီး ဘေးကနေအတူတူလိုက်လျှောက်ပေးလို့မရတဲ့ သူမျိုးဖြစ်သည်။ ကျနော်တို့နှစ်ယောက် ချိန်းတွေ့ခြင်းအမှုကိစ္စအားလုံးက Hyung ရဲ့အိမ် မဟုတ်ရင် ကျနော့်အိမ် ဒါမှမဟုတ် Studio ဒီသုံးနေရာမှာ တင် လှည့်ပတ်နေရခြင်းမျိုးသာ။
أنت تقرأ
I hate that ' I love you '
أدب الهواةကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
