Part : 11 💘

395 54 17
                                    

" ခဏလောက်တွေ့လို့ရမလား Hyung..ကျနော်အခု studio အောက်မှာ "

" ငါကအိမ်မှာ Jungkook "

" ဟုတ်လား...ဒါဆိုနေပါစေတော့ "

အခုလိုညနက်နေတဲ့အချိန်မှာ အရေးကြီးကိစ္စသာမရှိရင် Jungkook က ဆက်သွယ်လာမယ့် လူမျိုးမဟုတ်ပါ။ ပြီးတော့ အနည်းငယ် အက်ကွဲနေတဲ့အသံကလည်း စိတ်ထဲကို စနိုးစနောက်ဖြစ်စေနေသည်။

" နေဦး အိမ်ကိုလာခဲ့ပါလား "

Studio နဲ့ အိမ်နဲ့ကလည်း ဘယ်လောက်မှ‌ ဝေးတာမဟုတ်လို့ ဘာမှသိပ်မစဉ်းစားမနေဘဲ ခေါ်လိုက်သည်။ Jungkook နဲ့ပတ်သက်ရင် ဘာကိစ္စပဲဖြစ်ဖြစ် လစ်လျှူရှုထားနိုင်ဖို့ဆိုတာ မလွယ်ကူပါ။

" လာ Jungkook အိမ်ထဲ၀င် "

" မဝင်တော့ပါဘူး Hyung...ဒီနားက ပန်းခြံမှာဖြစ်ဖြစ် ခဏစကားပြောကြမလား "

" အပြင်မှာရာသီဥတုကအေးတယ်..မင်းမှာကဒဏ်ရာနဲ့ "

Jungkook က သူ့‌နှုတ်ခမ်းထောင့်က သွေးစို့နေတဲ့ ဒဏ်ရာကို လက်မနဲ့တစ်ချက်ထိလိုက်ပြီးနောက် နှုတ်ခမ်းကို တွန့်ကွေးပြီးပြုံးနေသည်။

" ဆို..ဘာဖြစ်လာလဲ "

" ဆိုင်မှာအသစ် ရောက်လာတဲ့ မန်နေဂျာက လုပ်အားခအပြည့်မပေးလို့ ရန်ဖြစ်လာတာ Hyung..အခုအလုပ်ပြုတ်သွားပြီ "

ခေတ်တွေဘယ်လောက်ပဲပြောင်းပြောင်း သန္ဓေယုတ်လူတန်းစား‌တစ်ချို့ကတော့ မပြောင်းမလဲဘဲကို ရှိနေတတ်သည်။ တစ်ခါတစ်လေ Jungkook ကို မြင်ရတာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေသလိုပင်။

" နေစရာကရော "

" ဖယ်ပေးရမှာပေါ့ "

" ဒီမှာလာနေမလား "

" မဟုတ်တာ Hyung ရယ်...ကျနော်အဲ့ဒါပြောချင်လို့...ဒီရက်ပိုင်း studio မှာ ခဏနေလို့ရမလား..နေစရာရှာတွေ့တဲ့အချိန်ထိပေါ့ "

" အင်း နေလေ "

" ကျေးဇူးတင်ပါတယ်ဗျာ...Hyung ကို တကယ်အားနာပါတယ် "

" မလိုပါဘူး...ငါကသာမင်းကို... "

" Hyung ရယ် အဲ့ကိစ္စကိုမေ့လိုက်ပါတော့ "

မျက်လုံးဝိုင်းဝိုင်းလေးတွေ။ အဲဒီ့မျက်လုံးဝိုင်းလေးတွေကို ဘယ်လိုများမေ့နိုင်မှာလဲ။

I hate that ' I love you 'Tahanan ng mga kuwento. Tumuklas ngayon