" ငါ့ကို ဘာလို့ ဒီလိုလုပ်ရတာလဲ Yoongi "
" မင်းသာ ဖုန်းကိုင်ခဲ့ရင်....မင်းသာ "
" မကြာခင်အချိန်အတွင်းမှာ တိုကျိုမြို့သို့ လေယာဉ်ဆိုက်ရောက်တော့မည်ဖြစ်ပါသဖြင့်... "
လေယာဉ်ပေါ်မှာ မှေးခနဲ အိပ်ပျော်သွားချိန်တွင် အိပ်မက်ထဲကအသံနဲ့ အပြင်ကအသံရဲ့ ပူပေါင်းနှောက်ယှက်မှုကြောင့် ပြန်နိုးလာရသည်။
အနားမှာ မင်းသားကောင်လေး မရှိတာကြောင့်ပဲလား၊ ပိုပိုအေးလာတဲ့ ရာသီဥတုကြောင့်လား မသိပေမဲ့ အခုတလော အိပ်မက်ဆိုးမက်တဲ့ ရက်တွေက ပိုစိတ်လာခဲ့သည်။ နီးကပ်လာတဲ့ ရက်စွဲတစ်ခုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
" ကြိုဆိုပါတယ် ကိုယ့်အချစ် "
လေဆိပ်ထဲ၀င်၀င်ခြင်းမှာ ဂျပန်စာလုံးတွေနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးကိုကိုင်ပြီး စောင့်နေတဲ့ Taehyung ကြောင့် Min PD ရှက်ရှက်နဲ့ ခေါင်းလေးပု၀င်သွားရသည်။
" ဘာလုပ်တာလဲ..မင်းတော်တော်အတင့်ရဲတယ် "
" ချထားစမ်းပါ အဲ့ဒါကြီးကို "
မြင်ချင်နေတာ ဒါမျိုးလေးဖြစ်သည်။ ဒီလို အရှက်သည်းပုံလေးကို မမြင်ရတာကြာလို့ ခန္ဓာကိုယ်တစ်ခုလုံးက အသွေးအသားတွေတောင် ခန်းခြောက်ချင်သလို ဖြစ်နေခဲ့ရသည်။
" လေယာဉ်စီးရတာ ပင်ပန်းသွားပြီ ကိုယ့်ကလေးလေး "
" ခဏလေးပါကွာ "
" အခု ကိုယ်ကလေးလေးလို့ခေါ်တာကို လက်ခံလိုက်တာလား "
" တော်! သွားမယ် "
PD လေးက အထုပ်အပိုးတွေအကုန်ပစ်ချပြီး ထွက်သွားတော့ မင်းသားချောမှာ အထုပ်ထမ်းသမားလေးအဖြစ်နဲ့ အမြန်ပြေးလိုက်ရတော့သည်။ ပြေးလိုက်နေရင်းတတွတ်တွတ်နဲ့လည်း စနောက်ရင်းပေါ့။
" ရောက်ပြီ ဒီအိမ်ပဲ "
" မင်း ဟိုတယ်မှာနေတာမဟုတ်ဘူးလား "
" ဟုတ်တယ်...ဒါက ကိုယ့်အချစ်လာမယ်ဆိုလို့ "
မင်းသားက ကားပေါ်မှ ပစ္စည်းတွေကို အိမ်ထဲသယ်သွားပြီးနေရာချနေတုန်း Min PD လေးက ခြံ၀န်းထဲကို တစ်ပတ်ပတ်ကြည့်နေသည်။ ဘန်ဂလိုကဲ့သို့ အိမ်ပုံစံမျိုးကို မကျဉ်းမကျယ်ခြံလေးခတ်ထားတာကြောင့် အိမ်လေးက ချစ်စရာကောင်းနေသည်။
ВЫ ЧИТАЕТЕ
I hate that ' I love you '
Фанфикшнကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
