" မြန်မြန် မြန်မြန် မြန်မြန်လုပ်ကြ "
" ဟိတ်ကောင်လေးတွေ ထောင့်ဆုံးဝိုင်းတွေမှာ စားပွဲခင်းလိုက်ခင်းဦးလေ "
" Beverage!! Beverage ကို ဖုန်းထပ်ဆက်ကွာ အခုထိရောက်မလာသေးဘူး "
Park အိမ်တော်ကြီးရဲ့ အသည်းအသက်ကလေး Park Jimin ရဲ့ မင်္ဂလာပွဲကျင်းပမည့်နေ့မို့ မနက်အစောကြီးကတည်း အိမ်ရှိလူကုန် အလုပ်များနေကြပါသည်။ အားလုံးထဲမှာ အဆိုးဆုံးကတော့ အစ်ကိုကြီး Park ဖြစ်ပြီး သူ့ရဲ့ဩဇာသံက ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံလို့ထားသည်။
အစ်ကိုကြီး Park အတွက် Jimin က ညီငယ်လေးဆိုသော်လည်း အသက်ချင်းက ဆယ်စုနှစ်တစ်ခုနီးပါး ကွာနေတာမို့ သူ့ရဲ့သားငယ်လေးလိုပါ သဘောထားရသော ကလေးဖြစ်သည်။ ကိုယ်တိုင်ကပါ သားသမီးမထွန်းကားတဲ့အခါ သူ့ရဲ့ မေတ္တာတွေ စေတနာတွေအားလုံးက Jimin အပေါ်တွင်သာ အားလုံးစုပုံကျခဲ့လေတော့သည်။
Jimin ငယ်ငယ်အရွယ်မှာ သူတို့အိမ်ရဲ့ စီးပွားတက်ချိန်မို့ အဖေအမေတို့ကိုယ်စား သူကသာ Jimin ကို စောင့်ရှောက်ခဲ့ရသည်။ အစ်ကိုကြီး Park အတွက် ပထမဦးစားပေးရော ဒုတိယဦးစားရောသည် Jimin တစ်ယောက်တည်းသာဖြစ်ခဲ့ပါသည်။
အရွယ်ရောက်လာတဲ့အခါ သူ့ညီငယ်ရဲ့စိတ်တိမ်းညွှတ်မှုကိုလည်း သူကသာဦးစွာရိပ်မိခဲ့သည်။ အစ်ကိုကြီး Park က ဆူပူကြိမ်းမောင်းဖို့တော့မလုပ်ခဲ့ပါ။ သဘာဝအလျှောက်ဖြစ်လာတဲ့ အရာတွေကို အတင်းပြုပြင်ပြောင်းလဲပစ်လို့မရဘူးဆိုတာကို သူကောင်းကောင်းနားလည်သည်။ သူကိုယ်တိုင်လည်း ခေတ်ပညာတတ်တစ်ယောက်ပဲမို့ ဒီခေတ်ကြီးမှာ ဒါတွေကို လက်မခံပေးနိုင်တာမျိုးက သိပ်ကိုသေးသိမ်တာပဲဆိုတာကို သူသဘောပေါက်သည်။
အစ်ကိုကြီး Park က တခြားဟာတွေအကုန်ကောင်းပေမဲ့ လူတိုင်းကို သူဖြစ်စေချင်တဲ့အတိုင်း ဇွတ်တရွတ်လုပ်ခိုင်းတတ်တာတစ်ခုကတော့ သူ့ရဲ့ချွင်းချက်ဖြစ်သည်။ ပြောင်းလဲလို့မရနိုင်တဲ့ သူ့ညီငယ်ရဲ့သဘာဝကို သူဇွတ်အတင်း မပြောင်းလဲခဲ့ပေမဲ့ ပြောင်းလဲလို့ရနိုင်တဲ့ သူ့ညီရဲ့လက်တွဲဖော်ကိုတော့ သူဖြစ်စေချင်တဲ့အတိုင်း ဇွတ်အတင်းစီစဉ်ခဲ့ပါသည်။
ANDA SEDANG MEMBACA
I hate that ' I love you '
Fiksyen Peminatကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
