Part : 3 💘

534 63 24
                                    

မိုးစက်တွေ တဖွဲဖွဲကျဆင်းလာနေရင်းက တဖြေးဖြေးနဲ့ လေပြင်းတွေပါ ရောပါလာနေသည်။ ကိုရီးယားရဲ့နွေရာသီအချိန်မှာ မိုးတစ်ဖြောက်နှစ်ဖြောက် ကျတတ်တာမျိုးက အဆန်းမဟုတ်ပေမယ့် ဒီနေ့မိုးကတော့ တော်တော်နဲ့ ရပ်မည့်ပုံမပေါ်ပါ။

ဒါရိုက်တာကြီးနှင့်အတူ ရှုတင်အဖွဲ့သားတွေအားလုံး မိုးလွတ်ရာ အဆောက်အအုံတစ်ခုမှာ ခိုနေရင်း အခြေအနေကို စောင့်ကြည့်နေကြသည်။ တဖြေးဖြေးနဲ့ မိုးကပိုပိုသည်းလာတော့ ဒါရိုက်တာကြီးက စိတ်လျှော့လိုက်ဟန်ဖြင့် လော်စပီကာကို ကောက်ကိုင်လိုက်တော့သည်။

" ကဲ..ဒီမိုးနဲ့တော့ မဖြစ်တော့ဘူး ကိုယ့်လူတို့ရေ..ဒီနေ့ Scene က ရှင်းရှင်းလင်းလင်း နေ့အလင်းရောင်အောက်မှာ ရိုက်မှကိုရမှာ..ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားလိုက်ကြစို့ "

" Yes!! ဟုတ်ပြီကွ "

အကုန်လုံး အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားကြချိန်မှာ အတန်းပိုင်ဆရာမခွင့်ယူထားတယ်ကြားလိုက်ရလို့ ကလေးတွေထအော်တဲ့အသံလို Kim Taehyung ရဲ့ အသံကြီးက မြူးထူးစွာ ထွက်လာသည်။

" တော်တော်ပျော်သွားလား "

ဒါရိုက်တာကြီး ရဲ့ မျက်စောင်းအကြီးကြီးနဲ့ တည့်တည့်တိုးမှ မင်းသားက အိန္ဒြေရည် ပြန်ဆယ်လိုက်သည်။

" အာ မဟုတ်ပါဘူး..မိုးကလည်း တော်တော်ဆိုးတယ်ဗျာ.. Hyung တို့ပစ္စည်းတွေသိမ်းရတာ အလုပ်ရှုပ်မှာပဲနော်..ကျနော်လည်း ကူပေးမယ်လေ "

" အပိုတွေလုပ်မနေနဲ့ သွားမှာဖြင့်သွား "

" ဟီး အဲ့ဒါကြောင့် Hyung ကိုချစ်တာ သွားပြီ အာဘွား "

ရှုံ့မဲ့ပြနေတဲ့ Namjoon Hyung ကိုနှုတ်ဆက်ပြီး PD လေးဆီ အပြေးသွားဖို့ ပြင်တော့သည်။

ပြောလို့ပြောတာမဟုတ်ဘူး။ လူကအလွမ်းဓာတ်ခံရှိတော့ မိုးနည်းနည်းလေးရွာတာနဲ့ PD လေးကို လွမ်းလာပြီ။ မိုးသံတဖြောက်ဖြောက်ကြားတာနဲ့ အသံပြဲပြဲလေးနဲ့ အအော်ခံရတာကို တမ်းတလာပြီ။ မိုး‌ရေနည်းနည်းစိုတာနဲ့ ရင်ခွင်ငယ်လေးရဲ့ အနွေးဓာတ်ကို တောင့်တလာပြီ။

I hate that ' I love you 'Où les histoires vivent. Découvrez maintenant