Unicode
ဒုန်း .... ခွမ်း ....
ဆူညံသော အသံတွေဖြင့် စတင်သောမနက်ခင်းက ကျက်သရေမရှိလှ။ ညက အချိန်ပိုဆင်းထားရသောကြောင့် အိပ်ချင်သေးပေမယ့် အိပ်မရတော့တာကြောင့် မျက်လုံးတွေကလည်းမပွင့်ချင်ဘဲ ပွင့်လာရသည်။
ရှုပ်ပွနေသော ဆံပင်တွေကို လက်နဲ့တစ်ချက်သပ်တင်ရင်း အခန်းထဲကနေ မကျေမချမ်းထွက်လာသော ဂျုံးဂု။ ဧည့်ခန်းထဲက ပစ္စည်း အကျိုးအပဲ့တွေအပြင် ချောင်ကပ်နေသော ဦးလေးဖြစ်သူကိုမြင်တော့ ဒေါသတွေက ဆူပွက်လာခဲ့သည်။
" ဦးလေး ... ဦးလေး ဒါဘယ်လို ဖြစ်တာလဲ "
သူဆွဲထူပေမယ့် ဦးလေးကဘာမှမပြောဘဲ မျက်ရည်တွေသာကျနေတယ်။ ခပ်စူးစူးလှည့်ကြည့်မိစဉ် သူ့ကိုပြန်ကြည့်နေသော အကြည့်တွေကပမာမခန့်။
" ခင်ဗျား ဒါဘာလုပ်တာလဲ .... ဟမ် "
" နင်မြင်တဲ့အတိုင်းဘဲ။ လူမမမာက လူမမာလိုမနေဘူး ဟိုဆွဲဒီဆွဲနဲ့ ပြီးတော့အကုန်ဖိတ်စင် အနောက်က လိုက်လုပ်ရတဲ့လူက စောက်လုပ်ရှုပ်တယ်ဟဲ့ "
တစ်နေ့တစ်နေ့ ကြားရတဲ့စကားတွေက နားမချမ်းသာလှ။ မပူမပင် ရဘဲ ကောင်းကောင်းနေကောင်းကောင်းစားနေရတာကို ဒီမိန်းမကရောင့်တက်သည်။
သူ့အနေနဲ့ အိမ်ကချက်ရေးပြုတ်ရေးအပြင် လုပ်ရတာထွေထွေထူထူးဘာမှရှိတာမဟုတ်ဖူး။ဦးလေးကိုလည်းသူဘဲစောင့်ရှောက်တာများတယ်။
" ဘာဖြစ်လဲ သူလည်းသူလုပ်ချင်တာသူလုပ်မှာပေါ့ ခင်ဗျားယောက်ျား ခင်ဗျားအခုလို ဆက်ဆံရမယ့်လူမဟုတ်ဖူးနားလည်လား။ ကောင်းကောင်းကန်းကန်း ရှာကျွေးနေတုန်းက စောက်သံတစ်ချက်မှမထွက်ဖူး"
မေးရိုးတွေတင်းကားနေသလို ဒေါသကိုချုပ်ထိန်းထားရသော ဂျုံးဂုရဲ့မျက်နှက နီမြန်းနေသည်။ စိတ်ရှိလက်ရှိသာဆို ဒီမိန်းမကို တစ်ခုခုလုပ်မိမှာပေမယ့် ဦးလေးဖြစ်သူကြောင့် အစစအရာရာ သည်းခံထားခြင်းဖြစ်သည်။
" အောင်မာ အောင်မာ နင်ကပါလူပါးလာဝနေတယ်ဟုတ်လား။ နင့်ဦးလေး ရှာနိုင်ဖွေနိုင်ခဲ့တယ်ဆိုတာ ဝမ်းဝရုံဘဲဟဲ့ ငါရွှေပုံပေါ်ထိုင်ခဲ့ရတာမဟုတ်ဖူး "
YOU ARE READING
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )