#Unicode
" ငါကြားခဲ့တာတွေကအမှန်ပဲလား "
အတန်ကြာတိတ်ဆိတ်နေရာမှ ထွက်လာသောစကား။ ဂျုံးဂုရဲ့မျက်နှာချောချောက စိတ်ရှုပ်ထွေးမှုပုံရိပ်တွေပြည့်နှက်နေသည်။
ထိုအမေးစကားကိုကြားပြီးနောက် ထယ်ယောင်းမျက်နှာလေးတစ်ဖက်ကိုလှည့်သွားသည်။ ညှင်သာစွာကျဆင်းသွားတဲ့မျက်ရည်တွေကို ဂျုံးဂုကိုမမြင်စေချင်။
" ငါမေးနေတာဖြေအုံးထယ်ယောင်း။ မင်းယောက်ျားတကယ်ပဲဆုံးသွားပြီလား။ ပြီးတော့ မင်းရဲ့သားကို မင်းရဲ့ ခင်ပွန်းဟောင်းလိုချစ်ပေးနိုင်တယ်ဆိုတဲ့စကား။ ငါ့ကိုဖြေပါအုံးထယ်ယောင်းရ "
ဂျုံးဂုက အားမလိုအားမစွာ ထယ်ယောင်းရဲ့ပခုံးလေးနှစ်ဖက်ကိုဆွဲလှည့်ရင်းမေးသည်။ မျက်ရည်တွေပြည့်နှက်နေတဲ့ မျက်ဝန်းလေးတွေကြောင့် ဂျုံးဂုရဲ့ရင်တွေ ဆုတ်ချေထားသလိုနာကျင်ရသည်။
အရင်တည်းက ဒီမျက်ရည်လေးတွေကိုမကြွေစေချင်တဲ့သူမလို့။
အခုချိန်ထိဘာမှမပြောသော ထယ်ယောင်းကြောင့် ဂျုံးဂု ရင်ထဲ သိချင်စိတ်တွေ ပိုပြင်းပြလာခဲ့တယ်။
" ကလေးက ... ကလေးက "
" အစ်ကို့သား။ အစ်ကို့ရဲ့သား ....."
ထယ်ယောင်းကြောက်အားလန့်အားပိတ်ပြောတော့ ဂျုံးဂုကခေါင်းကိုခါရမ်းသည်။ ထယ်ယောင်းရဲ့အဖြေကိုလက်မခံချင်။သူ့ရင်ထဲမှာတစ်ခုခုခံစားနေရသည်။ ထယ်ယောင်းညာနေတယ်လို့။
" မဟုတ်ဖူး ...."
" ဟုတ်တယ်။ သားလေးက အစ်ကို့ရဲ့သား။ မင်းကို သစ္စာ ဖောက်ပြီး ငါနဲ့ အစ်ကိုနဲ့ရခဲ့တဲ့သား။ မင်းမယုံလည်းမတတ်နိုင်ဘူးဂျုံးဂု "
ထယ်ယောင်းအသံလေးတွေ အဖျားခတ်တုန်ယင်သွားသည်။ ခံစားမှုတွေကို ကြာကြာဖုံးကွယ်ထားဖို့ဆိုတာမဖြစ်နိုင်ပါ။
ပြီးတော့ မောင့်မှာ ချစ်ရတဲ့မိန်းကလေးရှိသည်။ ထိုမိန်းကလေးနှင့်မောင်သည် မကြာခင်မှာ ဘဝတစ်ခုကိုအတူ ထူထောင်ကြတော့မည်။
မောင်သည် သူ့ကြောင့်ဖြင့်ဘဝတစ်ခုကို တစ်ကြိမ်တခါအလူးအလဲခံစားခဲ့ရပြီးပြီ။ ဒီတစ်ကြိမ်မှာတော့ မောင်ထူထောင်တဲ့ဘဝလေးမပြိုလဲစေချင်သလို မောင့်ရဲ့လက်ကိုတွဲမယ့် မိန်းကလေးကိုလည်း စိတ်ဆင်းရဲမှုတွေမဖြစ်စေချင်ပါ။
STAI LEGGENDO
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )