Unicode
နှစ်လဆိုတဲ့ကာလက ဘာမှ သိပ်မကြာပေမယ့် ယောင်းနဲ့ သူနဲ့ကြားက ခင်မင်မှုကတော့ ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်ခဲ့သည်။ တစ်ယောက်အခက်ခဲတွေကို တစ်ယောက်က ကူညီဖြေရှင်းပေးရင်း တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ဖော်တွေလည်းဖြစ်လာခဲ့ကြသည်။
အခုထိမပြောင်းလဲသေးတာကတော့ ယောင်းနဲ့သူ့ရဲ့ သူငယ်ချင်း ဆိုသော ဆက်ဆံရေးပင်။ ဖွင့်ပြောလိုက်ချင်ပေမယ့် စိတ်ဆိုးသွားမလား ငြိုငြင် သွားလေမလားဆိုတဲ့အတွေးတွေနဲ့ တွန့်ဆုတ်နေမိခဲ့တာ အခုချိန်ထိပင်။
သူများတွေရဲ့နေ့စဉ်မှတ်တမ်းက မည်သို့မည်ပုံရှိမည်မသိပေမယ့် သူ့ရဲ့နေ့စဉ်မှတ်တမ်းကတော့ ယောင်းရဲ့အကြောင်းလေးတွေသာပင်။ အိမ်ပြန်ရောက်တာနဲ့ ဒိုင်ယာရီထဲမှာ ယောင်းရဲ့အကြောင်းလေးတွေကို ချရေးဖြစ်သလို ယောင်းပုံလေးတွေဆွဲတာကလည်း သူရဲ့နေ့စဉ်အလုပ်တွေထဲကတစ်ခု။
ခက်ခဲကြမ်းတမ်းတဲ့ ဘဝထဲမှာ ယောင်းက သူ့ရဲ့အမောပြေရေကြည်လေးတစ်ပေါက်ဆိုရင်လည်းမမှားပေ။
အော်ယောင်းရယ် မြင်နေရဲ့နဲ့လွမ်း ငေးနေရင်းနဲ့ကို လွမ်းနေရပါလားကွယ်။
စာရွက်ဖြူလေးအပေါ်မှာ နောက်ထပ်သောပုံလေးတစ်ပုံကအဆုံးသတ်သွားခဲ့ပြန်ပြီ။ ယောင်းရဲ့ ပုံလေးတွေက သူ့ရဲ့စာရွက်ဖြူဖြူတွေပေါ်မှာ တစ်နေ့တစ်မျိုးမရိုးရအောင်နေရာယူထားဆဲ။
အိပ်ယာပေါ်လှဲချလိုက်ပေမယ့် အတွေးတွေက ပျံ့လွင့်နေသည်။ ဒီအချိန်ဆိုယောင်း အိပ်လောက်ပြီပေါ့။
အင်း သူ့ကိုလွမ်းနေစရာအကြောင်းကမရှိမဟုတ်ပါလား။မအိပ်နိုင်သူအဖို့ကတော့ လွမ်းရတယ်ယောင်းရေ။ ဒီအလွမ်းတွေကို ဒုက္ခ လို့လည်း မောင် မသတ်မှတ်ဖူး။
ယောင်းကို လွမ်းနေရတာကိုက လှပတဲ့ ဖြစ်ရပ်လေးတစ်ခုဘဲလို့သတ်မှတ်မယ်။
ရင်တွေခုန်လို့အိပ်ဖို့ကြိုးစားလည်း မနက်ဖြန် တွေ့ရမယ့် အပြုံးလှလှလေးတွေကိုပုံဖော်ရင်း အိပ်မရခြင်းတို့ကဖြစ်ရပြန်သည်။
YOU ARE READING
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )