အပိုင်း - ၂၉

7.1K 600 133
                                    

Unicode

ကော်ဖီသောက်နေတဲ့ နှုတ်ခမ်းပါးတို့က စွဲဆောင်မှုတမျိုးဖြင့်ကြည့်ကောင်းနေသည်။ အညိုရောင်ဘောင်းဘီအရှည်ကို အဖြူရောင် ရှပ်လက်ရှည်နဲ့ တွဲဖက်ကာဝတ်ထားတဲ့ဂျုံးဂုပုံစံက ရှင်းရှင်းသန့်သန့်။

ကြွက်သားတို့ဖြင့် သန်မာနေသော ပခုံးတို့ထက် သိုင်းဖက်လာသော လက်အစုံကြောင့် ကြည့်ကောင်းလွန်းသောမျက်ခုံတစ်စုံက အလိုမကျစွာစုကျုံ့သွားသည်။

" ကိုကို ဘာလုပ်နေတာလဲ တစ်ယောက်တည်းထိုင်ပြီး "

" ကိုယ်အေးဆေးနေချင်တယ်မီယောင်း "

" ဟွန့် ကိုကိုကလည်း "

အနားကမထွက်သွားတဲ့အပြင်မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သောသူမ။ သနားစဖွယ်မျက်လုံးလေးတွေနဲ့ သူ့အားစူးစမ်းစွာကြည့်လာသည်။

ဒီကောင်မလေးကဒီလိုပဲ။ သူနှင်တိုင်း အမြဲတမ်း ဘာလုပ်မိလို့လဲဆိုသော ပုံလေးဖြင့်စူးစမ်းလေ့ရှိသည်။

" ကိုယ်ပြောနေတယ်လေ ကိုယ်တစ်ယောက်တည်းအေးဆေးနေချင်တယ်လို့ "

မကြာခင်လက်ထပ်တော့မယ့် အမျိုးသမီးလေးအပေါ်သူရဲ့ ပြုမူပုံတွေက သူစိမ်းဆန်နေမှာကိုသိသည်။ ဒါပေမဲ့ မီယောင်းအပေါ် ညီမလေးတစ်ယောက်လိုကလွဲ၍ ခံစား၍မရပါ။

လက်မထပ်ရသေးပေမယ့် မီယောင်းနဲ့ကတစ်အိမ်တည်းနေဖြစ်ကြသည်။ ဒါပေမဲ့ အခန်းချင်းခွဲနေကာ မီယောင်းနဲ့ ဒီနေ့ဒီအချိန်ထိ ကျူးလွန်ဖူးခြင်းမရှိပေ။

ဒီလိုနေဖြစ်တာကလည်း မီယောင်းရဲ့အစ်ကိုကြီးကြောင့်ပင်။ သူ့ညီမလေးကို ဂရုစိုက်ဖို့ သူ့အရိပ်အောက်မှာပဲ ထားဖို့ကို ဆန္ဒရှိသည်။ မကြာခင်လည်း လက်ထပ်ကြရတော့မှာဆိုတော့ ဒီအပေါ်မှာထွေထွေထူးထူးတွေ ပြောမနေချင်တော့တာလည်းပါသည်။

စိတ်တွေလွင့်ကာ ဘာကိုမှအာရုံစိုက်ချင်စိတ်မရှိ။ တစ်ယောက်တည်းအေးအေးလူလူသာနေချင်သည်။

ထိုင်နေရာမှ ထထွက်မည်အလုပ် ကသောကမျော လက်ကိုလှမ်းဆွဲလာတာကြောင့် ဂျုံးဂု စိတ်ညစ်စွာပင်လှည့်ကြည့်လိုက်သည်။

About The Old Day Of July [ Completed ]Tahanan ng mga kuwento. Tumuklas ngayon