Unicode
ထိုးထည့်ခံနေရတဲ့အင်္ကျီတွေက အထုတ်ထဲမှာ မညီမညာဖရိုဖရဲနှင့်ရှိနေသည်။ ဂျုံးဂုကပုံကအလောတကြီးနိုင်လှသည်။ အရေးကြီးပစ္စည်းတချို့စာရွက်စာတမ်းတချို့ကို ကျောပိုးအိတ်ထဲအကုန်စုထည့်နေသည်။
မနေ့ကတော့ ဒဏ်ရာတွေနဲ့ပြန်ရောက်လာသည်။ ဒီနေ့မနက်ကျတော့ အထုတ်ပိုးတွေပြင်ဆင်နေပြန်သည်။ ထယ်ယောင်း ဒီ့ထပ်ပိုပြီးသည်းမခံနိုင်တော့ပြီမလို့ ဂျုံးဂုထုတ်နေတဲ့အိတ်ကို ခပ်ဆတ်ဆတ်စောင့်ဆွဲလိုက်သည်။
ထိုအခါကြည့်လာတဲ့ ခပ်စူးစူးအကြည့်တွေက မနှစ်သက်ဟန်ဖြင့်။ ထယ်ယောင်းက ပင့်သက်ကိုရှိုက်ကာ ဂျုံးဂုမျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။
" မောင် ... အခုဘာတွေဖြစ်နေတာလဲ။ယောင်းကိုပြော။ မနေ့ကဒဏ်ရာတွေနဲ့ပြန်လာတယ်။အခုအထုတ်အပိုးတွေပြင်နေပြန်တယ်။ ယောင်းကိုပြောစမ်းပါ "
ဝမ်းနည်းမှုကြောင့် ထယ်ယောင်းအသံကျယ်လာသည်။ သို့သော်အဖျားခတ်မှာတုန်ယင်သွားခဲ့သည်။
ဒုက္ခ တွေဆိုရင်တောင် အတူတူရင်ဆိုင်ဖြေရှင်းပေးဖို့အသင့်လေ။ ချစ်သူတွေဆိုတာ ကောင်းအတူ ဆိုးအတူ အတူတူရင်ဆိုင်ဖြေရှင်းဖြတ်ကျော်ကြဖို့မဟုတ်ဖူးလား။
အခုတော့ ဂျုံးဂုပုံသည်ထယ်ယောင်းအတွက်သူစိမ်းဆန်သလိုခံစားရစေသည်။
" မောင်တို့အဆောင်ပြောင်းကြမယ် "
" ဘာလို့လဲ "
" ဒီမှာနေရတာအဆင်မပြေဘူးမလား။ အခန်းကလည်းကျဉ်းတယ်လေယောင်းရယ် "
" အရေးမပါတဲ့ ဆင်ခြေတွေမပေးစမ်းနဲ့မောင်။ မောင်အပြင်မှာဘာတွေဖြစ်နေလို့လဲ။ ဘာတွေရှုပ်ထားလို့ ယောင်းကိုတောင်ဖုံးကွယ်ထားရတဲ့အထိဖြစ်နေတာလဲ "
တင်းခနဲမေးရိုးတွေကြောင့် အံကြိတ်လိုက်မှန်းသိသာစေသည်။ သို့ပေမယ့်ခဏမျှသာ။ ဂျုံးဂုသည် စိတ်ကိုလျော့ချလိုက်သည့်ဟန်။
" ယောင်းသံသယများနေပြီ "
တခြားပစ္စည်းအချို့ကို ထပ်ထည့်ရင်း ဂျုံးဂုကဆိုသည်။
ESTÁS LEYENDO
About The Old Day Of July [ Completed ]
FanficJeon Jung Kook Kim Tae Hyung ( own creation )