#Unicode
အချိန်ကာလတစ်ခုကတော့ ပုံမှန်အတိုင်းပဲလည်ပတ်သွားခဲ့တယ်။ ဖြတ်သန်းခဲ့တဲ့ကာလတွေက နွမ်းနွမ်းလျလျ မောမောပန်းပန်း။ ပြန်တွေးကြည့်ရင် အတိတ်ကာလတွေကသိပ်သနားဖို့ကောင်းတာပဲ။
မာနတွေဆိုတာ ကြမ်းတမ်းလွန်းတဲ့လောကဓံတွေရိုက်ခတ်လာတော့ အရောင်မှိန်သွားရပြန်တယ်။ ပိုက်ဆံသိပ်မက်တဲ့ကောင်၊ အရှက်မရှိဘူးလား ၊ ကလေးအဖေ ဖြစ်ပြီး သူဌေးကိုမှ ရအောင်ယူသွားနိုင်တယ်။ တီးတိုးစကားတွေ မထိတထိစကားတွေက ကြားရတိုင်း ရင်ထဲတဆစ်ဆစ်ပေမယ့် သူတို့ပြောတာတွေက မှားနေတာမှမဟုတ်တာ။
ဆုပ်ကိုင်ခဲ့တဲ့ လက်တစ်ဖက်က နွေးထွေးပေမယ့် ရှင်သန်ရတဲ့ရပ်ဝန်းကတော့ သူ့အတွက်အမြဲအေးစက်စက်လေထုတွေနဲ့ပဲ။
တစ်ဖက်ကမ်းပြို တစ်ဖက်သောင်ထွန်းဆိုတဲ့ ဆိုရိုးစကားလိုပေါ့။
သိမ်ငယ်နေရတဲ့ ရပ်ဝန်းက နာကျင်ရပေမယ့် တစ်ဖက်မှာတော့ မိသားစုအရေးတွေပြေလည်သွားခဲ့တယ်မဟုတ်ဖူးလား။
နာနာကျင်ကျင်နဲ့ ရှင်သန်နေသေးတဲ့ ခံစားချက်တွေကိုလည်း ကိုယ်တိုင်ပဲ ရိုက်ချိုးပြစ်ခဲ့တာ။
ဒါပေမဲ့ လွယ်မတဲ့လားလေ။ အနှစ်နှစ်အလလရစ်နှောင်ထားတဲ့ ဒီ ဆက်ထုံးလေးက ဖြည်ရခက်လိုက်တာ။
ချည်တုန်းကချည်ခဲ့ပေမယ့် မဖြေရက်ခဲ့ပြန်ဘူးမောင်။ ဒါပေမဲ့ ဖြတ်သင့်တဲ့အချိန်ရောက်နေပြီမလို့ ယောင်းမောင့်ကိုသံယောဇဉ်ဖြတ်ပါရစေ။
..........................
ထူးထူးဆန်းဆန်းဝင်လာတဲ့ ဖုန်း call တစ်ခု။ မင်္ဂလာဆောင်ပြီးလို့ နှစ်ရက်မြောက်နေ့မှာ ဝင်လာတဲ့ ဖုန်းက ထယ်ယောင်းကိုအဆမတန် တန်လှုပ်ခြောက်ခြားစေသည်။
မယုံနိုင်ပေမယ့် အခုချိန်ထိ မပြောင်းလဲရသေးတဲ့ မောင်ဆိုတဲ့ နာမ်စားလေးက ဖုန်းမျက်နှာပြင်ထက်မှာ။
ခြောက်ခြားနေတဲ့စိတ်အစုံကို စုစည်းပြီးဖုန်းကိုင်လိုက်တယ်။ တဖက်က ရုတ်တရက် ဘာအသံမှထွက်မလာသေး။
" ဟယ်လို "
ထယ်ယောင်းအရဲစွန့်ကာ အသံပြုလိုက်တယ်။ အတန်ကြာတိတ်ဆိတ်နေပြီးမှ ထွက်ပေါ်လာတဲ့အသံက အေးစက်မှုတွေအပြည့်ဖြင့်။
YOU ARE READING
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )