Unicode
" မင်္ဂလာပါ "
ဆိုင်အဝင်တံခါးကခေါင်းလောင်းလေးအသံမြည်သွားတဲ့အခါ ထယ်ယောင်း ပန်းခြင်းတွေစီနေရာမှ နှုတ်ဆက်လိုက်မိသည်။ သို့သော် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ထယ်ယောင်းမှာ ပါးစပ်လေးဟကာကြောင်လျက်သား။
တစ်ဖက်ကလည်း ထယ်ယောင်းကိုမြင်တော့ အံ့ဩနေဟန်။ ပြီးမှ ဝမ်းသာအားရပြုံးကာ ထယ်ယောင်းအနားကိုရောက်လာခဲ့သည်။
မဆုံချင်လို့ထင်သည် တည့်တည့်ကိုလာတိုးသည်။ ရှောင်ပြေးချင်ပေမယ့် သူဟာဝန်ထမ်း ထိုလူကဝယ်သူမလို့ အကောင်းဆုံးထပ်မံပြောဆိုလိုက်သည်။
" ဘာပန်းများလိုချင်ပါလဲသူဌေး"
" ချာတိတ်ကဒီမှာအလုပ်လုပ်တာလား "
ထယ်ယောင်းခေါင်းသာညိတ်ပြလိုက်သည်။အလုပ် ကိစ္စကလွဲပြီး အပိုအလိုဘာတစ်ခုမှမပြောချင်တာလည်းပါသည်။ ဒါပေမယ့် ဒါကိုပဲတစ်ဖက်က ကျေနပ်ဟန်ပြုံးသည်။
" ကိုယ့်အမေမွေးနေ့လေ နှင်းဆီဖြူလေးပဲလိုချင်တယ် မေမေက နှင်းဆီကြိုက်တော့ "
" ဟုတ် ခဏလေးစောင့်ပါ ကျွန်တော် သေချာစည်းပေးပါ့မယ် "
ပန်းတွေကိုစားပွဲပေါ်တင်ပြီး အလှစည်းပေးနေတဲ့ကောင်လေးကို ဂျောင်ဟွန်းသေချာကြည့်နေမိသည်။ ဒီလိုနေရာမှာ တွေ့ရမယ်လို့မထင်ထားတာကြောင့်လည်း ဝမ်းသာမှုကဘာနဲ့မှမလဲနိုင်။ ခါတိုင်းမေမေ့ကို မြို့ထဲမှာပဲပန်းဝယ်ပေးနေကြ။ ဒီနေ့ဒီဘက်ကို အလုပ် ကိစ္စ ရှိလို့လာရင်း ဆိုင်လေးတွေ့တော့ တစ်ခါတည်းဝယ်သွားမယ်ဆိုပြီး ဝင်လာဖြစ်တာဖြစ်သည်။
" ဒီမှာလုပ်တာကြာပြီလားယောင်း "
" မကြာသေးပါဘူး "
" အဆင်ရောပြေရဲ့လား "
" ပြေပါတယ် "
ပန်းစည်းတစ်စည်း စည်းနေချိန်ကာလလေးကိုပဲ ကြာရှည်စေချင်နေမိသည်။ ကံကြမ္မာ ကမျက်နှာသာပေးတဲ့အခိုက်အတန့်လေးကို ကြာရှည်စေချင်နေမိတာ။
အဖြူရောင်နှင်းဆီပွင့်တွေထပ် အဖြူရောင်သဘော ရိုးနဲ့ကောင်လေးကပိုလှသည်။ နှင်းဆီပွင့်တွေကိုင်နေတဲ့လက်ချောင်းသွယ်သွယ်လေးတွေကိုအကြည့်ရောက်မိတော့ ပန်းလေးတွေကိုတောင်မနာလိုဖြစ်မိသား။
YOU ARE READING
About The Old Day Of July [ Completed ]
FanfictionJeon Jung Kook Kim Tae Hyung ( own creation )