အပိုင်း - ၁၂

4.7K 564 63
                                    

Unicode

နေ့အလင်းရောင်မရှိတော့သော ကောင်းကင်သည် ပိတ်ပိတ်ပိန်းအောင်မှောင်နေလျက်ရှိသည်။ သို့သော်လမ်းမီးတိုင်များရဲ့အလင်းရောင်ကြောင့် ပတ်ဝန်းကျင် မှာ အလင်းရောင်များကဖြန့်ကျက်နေသည်။

ထယ်ယောင်းမှာ လက်ကနာရီလေးကို ကြည့်လိုက် လမ်းထဲကိုကြည့်လိုက်နဲ့ လည်တဆန့်ဆန့်ဖြင့်ရှိနေသည်။ ဒီလမ်းထဲမှာ ဆိုတာ ဂျုံးဂု ပြောပြလို့သာသိရတာ ဘယ်အိမ်လဲဆိုတာကိုမသိပေ။ ထို့ကြောင့် လမ်းထိပ်က အုတ်ခုံလေးပေါ်မှာပဲထိုင်စောင့်နေဖြစ်သည်။

ဒီနေ့က မောင်ဒီလမ်းထဲကအိမ်မှာစာစသင်တဲ့နေ့။ ဘယ်အိမ်မှာလဲဆိုတာကိုမောင်ကသူ့ကိုမပြောပြပါ။ အကြောင်းက သူလာကြိုမှာကိုစိုးရိမ်လို့တမင်မပြောခြင်းဖြစ်သည်။ မောင်ကသူမပါဘဲအပြင်ထွက်တာကို နဲနဲလေးတောင်စိတ်မချသူမဟုတ်ပါလား။

ဒါပေမယ့် လည်းမောင့်ကိုလာကြိုချင်တဲ့စိတ်က တားမရဆီးမရ။ မောင်ကမလာစေချင်လို့ အိမ်နံပါတ်ကိုမပြောခဲ့ပေမယ့် လမ်းကိုသိနေတော့လာစောင့်နေတာဖြစ်သည်။ မောင်သိရင်ဆူမှာအသေအချာ။

သိပ်မကြာလိုက်ပါဘူး။ အဝေးကနေမောင့်ပုံရိပ်လေးကိုလှမ်းမြင်လိုက်ရတယ်။ အေးဆေးစွာလျောက်လာတဲ့မောင်ပုံရိပ်က ခပ်သွက်သွက် ဖြစ်သွားတာကိုတွေ့လိုက်ရသည်။ ကြည့်ရတာမောင်လည်းသူ့ကိုလှမ်းမြင်လိုက်ပြီနဲ့တူပါရဲ့။

ထင်တဲ့အတိုင်းဘဲ အနားရောက်လာတဲ့အခါ မောင့်မျက်နှာမှာ မကြည်လင်မှုတွေကိုတွေ့လိုက်ရတယ်။

" ယောင်းရာ .... စကားနားမထောင်ဘူး "

မောင်ကတွေ့တာနဲ့ဆူသည်။ ဆူလည်းဆူချင်စရာကိုး သူကမောင့်စကားနားမထောင်ဘဲ ထွက်လာမိခဲ့သည်လေ။ ဒါပေမယ့် ဒါဟာ မောင့်စကားနားမထောင်ခြင်းထက် မောင့်ကိုချစ်လို့ အိမ်ပြန်ချိန်လေးမှာမောင်နဲ့အတူအဖော်ပြုပေးချင်လို့ဆိုတာမောင့်ကိုနားလည်စေချင်သည်။

" စကားနားထောင်ပါတယ်မောင်ရဲ့ "

" ဟော ဒါဖြင့် အခုဒီရောက်နေတာကဘာလေးလဲ "

About The Old Day Of July [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin